မိုးမရ၍ ဆီထွက်သီးနှံ အထွက်လျှော့နိုင်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ ယခုနှစ် မိုးမရခြင်းကြောင့် ဆီထွက်သီးနှံစိုက်ပျိုးရာသီချိန်မှာ ထွန်ယက်စိုက်ပျိုးမှုမပြု လုပ်နိုင်ကြောင်း တံတားဦးမြို့နယ်ရှိ တောင်သူများက ပြောပါတယ်။" အခါတိုင်းက ဒီအချိန်ဆို မြေပဲစိုက်နေရပြီ။ ပြောင်းကြဲနေရပြီ။ အခုထွန်ယက်လို့မရတဲ့အတွက် နွားစာ အတွက် ပြောင်းစိုက်မရ လို့ ကောက်ရိုးဝယ်ကျွေးနေရတယ်။ တချို့လည်း ကျောက်ဆည်ဘက်က လယ်တွေမှာ ကောက်စိုက်လိုက် နေရတယ်။ ကျွန်တော်တို့ဘက်ခြမ်းက ချောင်းမနပ်တမံရှိပေမယ့် အထက်ပိုင်းကျလို့ မိုးစောင့်ပြီးမှ စိုက်လို့ရတာ။ နှမ်းရိတ်ချိန်မှာ မနှစ်ကေ တာင်သူတစ်ဦးကို တင်း ၃၀ လောက်ထွက်ရာက ဒီနှစ်မှာ ၄ တင်းပဲ မျိုးအတွက်ရတယ်။ မြေပဲပေါ်ချိန်ထိကို စားဝတ်နေရေးအတွက် စိုက်မရဘူး'' လို့ တံတားဦးမြို့နယ်မှ တောင်သူတစ်ဦးက ပြောပါတယ်။ယခုနှစ်မှာ နှမ်းရိတ်ချိန်နဲ့ မြေပဲစိုက်ပျိုးချိန် မိုးမရတာကြောင့် လာမယ့်နှစ်ဆီထွက်သီးနှံထွက်နှုန်း နည်းနိုင်ကြောင်း တောင်သူအချို့ က သုံးသပ်ကြပါတယ်။ မိုးကျပါက အဆင်သင့်စိုက်ပျိုးနိုင်ရန် လယ်ထွန်ပြီး စောင့်ဆိုင်းနေရကြောင်း၊ နွားစာအတွက် ခက်ခဲကာ ထန်းသီးဆန်များစဉ်းပြီး ကျွေးနေရကြောင်း၊ တောင်သူတစ်ဦး အတွက် သီးနှံကောင်းပါက ၃ နှစ်ထိုင်စားလို့ရကြောင်း၊ တံတားဦးမြို့နယ်ရှိ ယာမြေများမှာ ပဲ၊ နှမ်း၊ ဝါအများဆုံး စိုက်ပျိုးမှုရှိကြောင်းသိရပါတယ်။ ဇူးဇူး
