၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ကဏန်းဝယ်ယူဖို့ မူဆယ်မြို့ရှိ ကုမ္ပဏီနှစ်ခုမှာ တင်ဒါယှဉ်ပြိုင်ဝယ်ယူနိုင်

       ၂၀၁၂-၁၃ ခုနှစ်မှာ ကဏန်းလေလံ တင်ရောင်းချနိုင်ရေးအတွက်  မူဆယ် မြို့ရှိ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ဟိန်းနဒီအောင်ကုမ္ပဏီတို့မှာ တင်ဒါတင်ခွင့်ပြုလိုက်ကြောင်း၊  အဆိုပါ ကုမ္ပဏီနှစ်ခုနဲ့ မူဆယ်မြို့ရှိ ကုန် သည်ကြီးများအသင်း ရုံးခန်းတို့မှာ ကြေ ညာချက်ထုတ်ပြန်ထားကြောင်း သိရပါ တယ်။ဟိန်းနဒီအောင်ကုမ္ပဏီမှ ဦးထွန်း လင်းစိုးက " ဒီနှစ်အတွက် ကုမ္ပဏီနှစ် ခုမှာ တင်ဒါအပြိုင်တင်နိုင်တော့ ဈေး ကွက်တိုးချဲ့ပြီး ဈေးနှုန်းအမှန်လည်းဖြစ် လာနိုင်တယ်။ အရင်က ကုမ္ပဏီတစ်ခု တည်းက  တင်ဒါရတော့ ဈေးကွက် အပြိုင်မရှိဘူးေ ပါ့။   ကုမ္ပဏီနှစ်ခုက အမြင့်ဆုံး   ဈေးပေးနိုင်တဲ့သူ  ရမှာပဲ။ တရုတ်ဝယ်လက်ကလည်း ဈေးကွက် အပြိုင်ဖြစ်တဲ့ အတွက်  စိတ်ဝင်စားတာ တွေ့ရပါတယ်။ တရုတ်ကုမ္ပဏီဘက်က လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့   လိုင်စင် ကုမ္ပဏီ သက်တမ်းစည်းကမ်းချက်တွေ နဲ့ တင်ဒါဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်"  လို့ ပြောပါတယ်။ကုမ္ပဏီနှစ်ခုမှာ တင်ဒါအပြိုင်ဝယ် ယူနိုင်ခြင်းကြောင့် ကူမင်းကဏန်းဈေး ကွက်မြင့်ပြီး၊ လေလံဈေး  အပြိုင်ဖြစ် လာပြီး၊ ပြည်တွင်းမှတင်ပို့တဲ့ ကဏန်း ဈေးကွက်မှာလည်း တန်ဖိုးမြင့်ရလာနိုင် ပါတယ်။ တင်ဒါသက်တမ်းမှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်  ၁ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်အထိ တင်ဒါအတွက် ယခုလ ၂၉ ရက်မှာ တင်ဒါစတင်ခေါ် ယူမှာဖြစ်ကြောင်း သိရပါတယ်။ဇူးဇူး