မိုးက ဖြိုင်ဖြိုင် ကျွဲကောသီးက လှိုင်လှိုင် မြို့မော်ရွှေမြိုင်
မွန်ပြည်နယ် သစ်သီးဝလံများထဲက ဧပြီ၊ မေလမှာထွက်တဲ့ ဒူးရင်း၊ ကြက် မောက်၊ မင်းဂွတ်သီးများ ယခုအခါ ကုန် ဆုံးသောအချိန်ဖြစ်နေပြီး ယခုလဇူလိုင် လဟာ မိုးကျွဲကောသီး လှိုင်လှိုင် ထွက် ပေါ်တဲ့အချိန်ဖြစ်ပါတယ်။ မွန်ပြည်နယ် ဟာ ကျွဲကောသီး အများဆုံးစိုက်တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး မော်လမြိုင် ဈေးချို၊ တောင်ဝိုင်း၊ ကျိုက်မရော မြို့ နယ် နတ်စမ်းကျေးရွာနဲ့ မုရောင်းကျေး ရွာများမှာ အများဆုံး စိုက်ပျိုးကြပါ တယ်။ ၂၀၁၁-၁၂ ခုနှစ် ကျွဲကောသီး တစ်ဧကကုန်ကျစရိတ် မှာ လေးသိန်း ကျော်ခန့် ကုန်ကျပါတယ်။ နှစ်ရှည်ပင် ဖြစ်လို့ ပထမနှစ်စရိတ်သာ ကုန်ကျမှု များပြီး ကျန်နှစ်များမှာ အပင်များပြုပြင် လုပ်သားခ၊ မြေသြဇာခ ကုန်ကျ စရိတ်ဖယ်ပြီး တစ်ဧကအမြတ်မှာ သုံး သိန်းကျော်မြတ်တယ်လို့ သိရပါတယ်။ မိုးကျွဲကောသီးနှံ လုံးကြီး ၈၀၀ ကျပ်၊ လုံးလတ် ၅၀၀ ကျပ်၊ လုံးသေး ၂၀၀ ကျပ်၊ ၁၅၀ ကျပ်နဲ့ ရန်ကုန်၊ မန္တလေး၊ ဘားအံ စတဲ့မြို့များကိုတင်ပို့ပြီး ၎င်းမှ တစ်ဆင့် တရုတ်ပြည်ကိုလည်း တင်ပို့ ကြောင်းသိရပါတယ်။ သန်းသန်းဝင်း
