Main menu

Background

တန်ဖိုးရှိလာသော မြန်မာမှုလက်ရာ

Sun, 07/29/2012 - 08:41 -- Anonymous (not verified)

      မြန်မာပြည်မှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းမှာ ရွှေတိဂုံစေတီတော်ကြီးကို မဖူး မြော်ဖူးသူ မရှိသလောက်  ဖြစ်ပါတယ်။  ဘုရား ကြီးဖူးဖို့  ဓာတ်လှေကားမစီးဘဲ  စောင်းတန်းမှ ခြေလျင်နဲ့တက်ရင် ကြေးထည်၊ သံထည်၊ စာအုပ် မျိုးစုံနဲ့ အရုပ်မျိုးစုံထဲမှ စွန့်ပစ်စက္ကူ၊ ကတ္ထူစက္ကူ တွေနဲ့ ပုံဖော်ပြုလုပ်အခြောက်ခံ၊ ဆေးရောင်စုံ ခြယ်ထားတဲ့ ဖိုးဝရုပ်၊ ဇီးကွက်ရုပ်၊ မင်းသားရုပ်၊ နွားရုပ်၊ ခွေးရုပ်၊ မြင်းကျား၊ သစ်ကုလားအုပ်၊ လာဘ်ခေါ် ကြောင်ရုပ်  အစရှိတဲ့ အရုပ်မျိုးစုံ၊ အရွယ်မျိုးစုံကိုတွေ့ရပါတယ်။ ဒါ့အပြင် အခြား တန်ခိုးကြီးဘုရားစောင်းတန်းတွေနဲ့ ဘုရားပွဲတော် တွေမှာ ရောင်းချလေ့ရှိပါတယ်။ ကလေးများ အဲဒီ ဆိုင်နားရောက်ရင် မခွာတော့ဘဲ ဝယ်ပေးဖို့ ပူဆာ တဲ့ ဆွဲဆောင်မှုရှိတဲ့ မြန်မာ့လက်ရာစစ်စစ်တွေပဲ ဖြစ်ပါတယ်။အခုတော့ မြန်မာ့ကလေးတွေသာမက နိုင်ငံ ခြားမှ လာရောက်ဘုရားဖူးတဲ့ နိုင်ငံခြားသားတွေ ကပါ မျက်စိကျစိတ်ဝင်စား တန်ဖိုးထား လာခြင်း ပဲဖြစ်ပါတယ်။   အမယ်သစ်ဖြစ်တဲ့   Papier Mache Toys  တွေကို  နိုင်ငံခြားကို  တင်ပို့ဖို့ ကုမ္ပဏီမှ  ကန်ဒေါ်လာ ငါးထောင်ကျော်ဖိုးကို Hongkong   ကို တင်ပို့ဖို့  ပို့ကုန်လိုင်စင်လျှောက် ထားလာရာ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရ ပါတယ်။ ဒါကြောင့် မြန်မာ့လက်ရာစစ်စစ် အရုပ် ကလေးတွေ နိုင်ငံတကာမှ စိတ်ဝင်စားလာပါက မြန်မာနိုင်ငံသားတွေ ဝင်ငွေပိုမိုရရှိဖို့ တီထွင်ထုတ် လုပ်ရောင်းချနိုင်ဖို့  သတင်းကောင်း  ပါးအပ် ပါတယ်။                         ထားထားရီ