Main menu

Background

နှစ်ဟောင်းမှာ အခြေအနေကောင်းခဲ့တဲ့ အစေ့ထုတ်ပြောင်း

Sun, 07/29/2012 - 08:41 -- Anonymous (not verified)

     မြန်မာနိုင်ငံမှ ပြည်ပကိုတင်ပို့နေတဲ့ အဓိက လယ်ယာထွက်ကုန်ပစ္စည်း ငါးမျိုးမှာ တစ်မျိုး အပါအဝင်ဖြစ်တဲ့ အစေ့ထုတ်ပြောင်းတင်ပို့မှုအနေ နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် တာကာလအတွင်း ပင်လယ်ရေကြောင်းမှ အမြင့် ဆုံးတင်ပို့နိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိ ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အမြင့်ဆုံးတင် ပို့နိုင်ခဲ့တဲ့ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၃၁ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာတော့ ပင်လယ်ရေ ကြောင်းမှ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော် ဖိုး (တန်ချိန်အားဖြင့် ၁၆၀၀၀၀ ကျော်အထိ) စံချိန်တင် တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။စိုက်ပျိုးရေးကိုအခြေခံတဲ့ တိုင်းပြည်ဖြစ်တာ နဲ့အညီ ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေအတွက် တိရစ္ဆာန်အစားအစာ ဖူလုံပိုလျှံသမျှကို  တင်ပို့ခွင့် ပြုပေးထားခြင်းဖြစ်ပါတယ်။ ယခင်နှစ်မှစပြီး ဆန် ကွဲကိုပင်  ပြည်ပကို  တင်ပို့ခွင့်ပြုပေးခဲ့ပါတယ်။ အစေ့ထုတ်ပြောင်းကို     ပင်လယ်ရေကြောင်းမှ စင်ကာပူ၊  အင်ဒိုနီးရှား၊  ဗီယက်နမ်၊  အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့  မလေးရှားနိုင်ငံတွေကို  အများ ဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အစေ့ထုတ် ပြောင်းကို ထုတ်လုပ်တင်ပို့နေတဲ့ ပါကစ္စတန်လို ယှဉ်ပြိုင်ဘက်နိုင်ငံတွေရှိနေရာ   ပြိုင်ဘက်နိုင်ငံ တွေရဲ့ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ကုန်ဝယ်နိုင်ငံတွေရဲ့ လိုအပ်မှုအခြေအနေ နဲ့ ဈေးနှုန်းတို့အပေါ် မူတည် ပြီး တင်ပို့နိုင်မှုပမာဏ ပြောင်းလဲနေခြင်းဖြစ်တာ ကြောင့် အခြားအစေ့ထုတ်ပြောင်း တင်ပို့တဲ့နိုင်ငံ တွေနဲ့ ဈေးကွက်ယှဉ်ပြိုင် တင်ပို့နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက် ပျိုးထုတ်လုပ်မှုစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချ နိုင်စေဖို့ ကြိုးစားခြင်းနဲ့ရရှိပြီးဖြစ်တဲ့ ဈေးကွက်များ ခိုင်မာမှုရှိစေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့ လိုအပ် ပါကြောင်း အကြံပြုတိုက်တွန်းရေးသား  တင်ပြ အပ်ပါတယ်။   စန္ဒာထွန်း