Main menu

Background

လေဆန်လှိုင်းကြားက ရေချိုငါး

Sun, 07/29/2012 - 08:43 -- Anonymous (not verified)

       ဈေးကွက်အရ ဝယ်လိုအားရှိတဲ့ ဧရာဝတီဘက်ကရေချိုးငါးတွေဟာ ရခိုင်ပြည်နယ်စစ်တွေက တစ်ဆင့် ဘင်္ဂလားပင်လယ် ကိုဖြတ်ပြီး တက္ကနဗ်ကိုပို့နေတာ နှစ်တောင်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအားရှိတဲ့ မြန်မာ့ရေချို ငါးတွေဟာ အိန္ဒိယကဝင်လာတဲ့ မျိုးရိုးဗီဇပြုပြင် ထားတဲ့ ရေချိုငါးတွေနဲ့အပြိုင် တက္ကနဗ်ဈေးကွက်မှာ လတ်ဆတ်မှုနဲ့ဈေးနှုန်းယှဉ်ပြိုင်နေ ရတာဖြစ်ပေမယ့် Organic  ဆိုတဲ့ မြန်မာ့ရေချိုငါးနာမည်လေးနဲ့ စားသုံးသူတွေရဲ့အကြိုက်ဈေးကွက်တစ်နေရာ ရထား တာ ကြောင့် နှစ်စဉ်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် ကို နှစ်အလိုက်တင်ပို့နိုင်ခဲ့တဲ့ ရေချိုငါးအခြေအနေတွေကိုကြည့်မယ်ဆိုရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ် မှာ တန်ချိန် ၈၀၆၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၅၇ သန်း ၊၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁၀၈၀၄ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၈၆ သန်း ၊၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် တန်ချိန် ၁၀၄၈၃ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၃ သန်း အသီးသီးတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ရဲ့ ဇွန်လအတွင်းမှာတော့ ဘင်္ဂလားပင်လယ်အော်မှာလှိုင်းကြီးပြီး မိုးသည်းထန်ခဲ့တာကြောင့် စစ်တွေနယ်စပ်က အခြားပို့ကုန်နဲ့ ကုန်သွယ်မှုတွေတုံ့နှေးမှုအချို့ဖြစ်ခဲ့တာ တောင် မြန်မာ့ရေချိုငါးတွေဟာဖြင့် အခြေအနေမပျက် ခရီးဆက်နိုင်ခဲ့လို့ ၂၀၁၂ ဇွန်လမှာ ရေချိုငါး တင်ပို့မှုတန်ချိန် ၁၄၀၊ တန်ဖိုး  အမေရိကန် ဒေါ်လာ သုည ဒသမ ၁၃၇ သန်း၊ ဇူလိုင် ၁ ရက်ကနေ ၂၀ရက်အတွင်းမှာလည်း ရေချိုငါးတန်ချိန် ၄၄၀၊ တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၅သန်း  တင်ပို့နိုင်ခဲ့ရုံမက တစ်ဖက်နိုင်ငံဈေးကွက်ကလည်း အဝယ်ထပ်လိုက်လာတာကြောင့် ဆက်လက်တိုးမြှင့် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။                                                     NNW