Main menu

Background

မြစ်ကြီးနားမြို့နယ်မှာ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဆွေးနွေးပို့ချ

Sun, 07/29/2012 - 08:49 -- Anonymous (not verified)

     ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်အရ ကချင်ပြည်နယ် ဝေးလံမြို့နယ်များ လူမှုဖွံ့ဖြိုးရေးစီမံကိန်း (UNDP/CDRT) ရဲ့ စီစဉ်မှုဖြင့် ကချင်ပြည်နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဟာ ဇူလိုင် ၂၃ ရက်က မြစ်ကြီးနားမြို့နယ် ဆယ်မိုင်ကျေးရွာ ရှိ ဂျော်မဆတ် နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်းခန်းမမှာ ဆန်စပါးရိတ်သိမ်းချိန်လွန်နည်းပညာများ ပို့ချဆွေးနွေးခဲ့ပါတယ်။ယင်းဆွေးနွေးပွဲသို့ မြစ်ကြီးနားမြို့နယ်အတွင်းရှိ စီမံကိန်းဝင်ကျေးရွာ ၂၂ ရွာမှ (UNDP/CDRT) စပါးဘဏ်ထိန်းသိမ်းရေးကော်မတီဝင် ၃၆ ဦး တက်ရောက်ခဲ့ပြီး၊ ကချင်ပြည်နယ်လယ်ယာထွက်ကုန်မှ လက်ထောက်မန်နေဂျာ ဦးညွန့်ရွှေနဲ့ ဦးကျော်မြင့်တို့မှ ဆန်စပါးရိတ်သိမ်း ချိန်လွန်နည်းပညာ၊ ပညာပေး အချက်အလက်များကို လက်ကမ်းစာစောင် များဖြန့်ဝေကာ အကျယ်တဝင့် ရှင်းလင်းပို့ချဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။                                                                                          မောင်မောင်ခိုင်