Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Sun, 07/29/2012 - 08:52 -- Anonymous (not verified)

    အိုလံပစ်ပြိုင်ပွဲဝင် ဂါဘွန်ဘောလုံးအသင်းတွင် ဒဏ်ရာပြဿနာများနှင့် မိခင်ကလပ်အသင်းများ က စေလွှတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းတို့ကြောင့် ကစား သမား ၁၆ဦးသာကျန်ရှိတော့ကြောင်း နည်းပြဘူရိုနော့က ညည်းတွားခဲ့သည်။    မန်ယူနည်းပြဖာဂူဆန်က ပြိုင်ဘက်အသင်းများဖြစ်သည့် အာဆင်နယ်၊ ချဲလ် ဆီးနှင့်မန်စီတီးအသင်းတို့၏ စိတ်ဝင်စားမှုများကြောင့် ခရူဝီလူငယ်ကစားသမား နစ်ခ်ပါဝဲလ်ကိုအလျင်အမြန်ခေါ်ယူခဲ့ရခြင်းဖြစ်သည်ဟုဖွင့်ဟပြောကြား လိုက်သည်။    ဆလိုဗက်ကီးယားတင်းနစ်မယ် ဒိုမီနီကာဆီဘူကိုဗာသည် မာကျူရီအာမခံ အိုးပင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် ပြင်သစ်နိုင်ငံသူ မာရီယွန်ဘာတိုလီအား ၆-၁၊ ၇-၅ နှစ်ပွဲပြတ်ဖြင့် အနိုင်ယူကာဗိုလ်စွဲနိုင်ခဲ့သည်။    ဘေဂျင်းအိုလံပစ်ချန်ပီယံ ဂျမေကာတာတိုအပြေးသမား အူစိန်ဘော့လ်သည်  တံကောက်ကြောပြဿနာကြောင့် ကြံ့ခိုင်မှုအပြည့် အဝမရရှိခဲ့သဖြင့် လန်ဒန် အိုလံပစ်ပြိုင်ပွဲနှင့်လွဲချော်ရတော့မည်ဖြစ်သည်။    အီတလီနိုင်ငံနှင့် အေစီမီလန်၏ဂန္ထဝင်တိုက်စစ်မှူးဖြစ်သူ ဖိလစ်ပိုအင်ဇာဂီ သည် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ယခုအခါတွင် အေစီမီလန် လူငယ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။    ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းဥက္ကဋ္ဌ ဖိလစ်ပီဗီအဲရာက အသင်း၏ကွင်း လယ်ကစားသမား ဝစ်ဆဲလ်အား ယူရို သန်း၄၀ဖြင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။    အာဆင်နယ်နည်းပြအာစင်ဝင်းဂါးသည် အပြောင်းအရွှေ့ကြွေးကျန်ပြဿနာ များနှင့် အခွန်ပြဿနာများကြောင့် အခက်တွေ့နေရ သည့် မာလာဂါအသင်း မှ စပိန်တိုက်စစ်မှူး ကာဇိုလာကို ခေါ်ယူရန် မာလာဂါအသင်းနှင့်ညှိနှိုင်းဆွေး နွေးလျက်ရှိကြောင်း သိရသည်။