Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Sun, 07/29/2012 - 08:53 -- Anonymous (not verified)

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အနာဂတ်ဘောလုံးလောကအတွက် ကျင်းပပြုလုပ်သည့် အသက် ၁၂နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် အသုံးပြု  ရန် No.4 Size  ဘောလုံး ၆၀၀ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။    နေပြည်တော်အက်ဖ်စီအသင်းကို အားပေးသူ နာမည်ကြီးအနုပညာရှင်များ သည် နေပြည်တော်ဘောလုံးအသင်း၏ Fan Club အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နေပြည်တော်အသင်း၏အိမ်ကွင်းပွဲစဉ်များတွင် ပရိသတ်များကိုဖျော်ဖြေမှု များ ပြုလုပ်ပေးရန် သဘောတူညီမှုများ ရရှိထားကြောင်း သိရသည်။    ဧရာဝတီအသင်းအား ဂိုးပြတ်အနိုင်ရရှိခြင်းသည် လာမည့်ပွဲစဉ်များအတွက် ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အသင်းကို ယုံကြည်မှုများ တိုးတက်လာစေလိမ့် မည်ဟု ယုံကြည်ကြောင်း ကမ္ဘောဇအသင်းနည်းပြချုပ် ဆီဗာဂျီက ပြောကြား သည်။    မိမိတို့အသင်းသည် ရှစ်ရက်အတွင်း ဖြတ်သန်းရမည့် ပွဲကျပ်ကာလကိုအောင် မြင်စွာဖြတ်ကျော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ကမ္ဘောဇအသင်းအုပ်ချုပ် သူ ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။    ဇေယျာရွှေမြေအသင်းမှ ဆာဆာက သွင်းဂိုးပေါင်း ၁၈ဂိုးဖြင့် ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေပြီး ကမ္ဘောဇအသင်းမှနူးနက်စ်က ၁၄ဂိုးဖြင့်ဒုတိယ နေရာတွင် ရပ်တည်လျက်ရှိသည်။