Main menu

Background

မန္တလေး အိမ်ခြံမြေ ရောင်းဝယ်သူများ အငှားဘက်လှည့်လာကြ

Sun, 07/29/2012 - 09:02 -- Anonymous (not verified)

       မန္တလေးမြို့ အိမ်ခြံမြေ  အရောင်း အဝယ်ဈေးကွက်မှာ ဈေးနှုန်းထက်ဝက် နည်းပါးကျဆင်းပြီး  အရောင်းအဝယ် မရှိခြင်းကြောင့်  အိမ်ငှားဈေးကွက် ဘက်ကို   ပြောင်းလဲလုပ်ကိုင်လာ ကြောင်း သိရပါတယ်။အိမ်ခြံမြေငှားရမ်းမှု  အကျိုးဆောင် အန်တီမိုးက " မန္တလေးအိမ်ခြံမြေဈေး က ရန်ကုန်မှာ ဈေးတက်ပေမယ့် ဒီမှာ ဈေးထိုးကျနေ တယ်။ အရင်က အိမ်ခြံ မြေအကျိုးဆောင်  ပွဲစားကြီးတွေက အငှားမလုပ်ကြဘူး။ ခုဒီဘက်ပြောင်း လုပ်လာကြတော့ အိမ်ငှားသွက်ေ ပမယ့် ပစ္စည်းရှားနေတယ်။  ဝါဝင်တော့မှာဆို တော့ အိမ်ငှားတဲ့သူများလို့  သင့်တဲ့ ပစ္စည်းကမရှိသလောက်ပဲ။ အငှားသွက် တဲ့အတွက် အိမ်ရှင်တချို့က ဈေးအော် လို့ မငှားကြဘူး။ ဒီနှစ်က အခါတိုင်းနှစ် ထက် အငှားများလို့ ပေါတဲ့ပစ္စည်းက တော့ ကုန်သလောက်ပဲ။ မြို့ထဲဧရိယာ ကအငှားများတယ်။  အောင်တော်မူနဲ့ မြို့သစ်ပိုင်းကတော့နေမယ့်သူ ငှားကြ ပြီး၊ ကျန်တဲ့နေရာတွေက အဲဒီနေရာ တစ်ဝိုက်မှာနေကြတဲ့သူတွေပဲ ငှားရမ်းမှု ရှိတယ်" လို့ ပြောပါတယ်။ယခုနှစ် အိမ်ငှားရမ်းသူများမှာ ဝန် ထမ်းအချို့ နယ်တာဝန်ကျပြီး၊ မိသားစု နေမယ့်သူများ၊   ကျောင်းသားများ၊ အဆောင်နေမယ့်အစား  ငှားရမ်းနေ ထိုင်သူများနဲ့ ရုံးခန်း၊ ဆိုင်ခန်းဖွင့်လှစ် လိုသူများအများစု ငှားရမ်းမှုရှိပါတယ်။ အိမ်ငှားရမ်းသူများမှာ   ဝါဝင်ကာနီး အငှားပိုလာပြီး၊ ဝါဝင်ပါကလည်း ယခင် လို အယူမသည်းဘဲ အပြောင်းအရွှေ့ လုပ်လာခြင်းကြောင့်   အငှားရှိနေမှာ ဖြစ်ကြောင်း  အိမ်ငှားအကျိုးဆောင် များက  သုံးသပ်ကြပါတယ်။" အိမ်ငှားတဲ့သူတွေက  မြို့ထဲပိုင်းပို များပြီး နယ်ကနေ အလုပ်လာလုပ်တဲ့ မိသားစုမပါဘဲ တစ်ယောက်တည်းနေ မယ့်သူတွေက တက္ကသိုလ်နယ်မြေတစ် ဝိုက်က အဆောင်ပေါလို့ အများဆုံးငှား ကြတယ်။ လမ်း ၃၀၊ ၃၅ လမ်းဘက် လည်း  ငှားကြပါတယ်။ အငှားများတဲ့ အတွက် ဝန်ထမ်းအငြိမ်းစားယူထားတဲ့ သူတွေအများစုက   အိမ်ပြန်ငှားကြ တယ်။  ဝါဝင်ပေမယ့် အငှားမရပ်ဘူး ပစ္စည်းရှိဖို့ပဲလိုပါတယ်။ တိုက်နဲ့ ပတ်ဝန်း ကျင်ပေါ်မူတည်ပြီး၊ ဈေးနှုန်းသတ်မှတ် ပါတယ်'' လို့ အန်တီမိုးက ပြောပါတယ်။ဇူးဇူး