ပြည်တွင်းတွင် ရောင်းချလျက်ရှိ သည့်ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် များတွင် စက်သုံးဆီဈေးနှုန်းများ သည် ဖြစ်သင့်သည့်ေ ဈးနှုန်းထက် ပိုမိုရောင်း ချနေခြင်းအား မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချသည့် စက်သုံးဆီဈေးနှုန်းများ ကို နေ့ စဉ် စောင့်ကြည့်လျက်ရှိရာ ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့မှ ရောင်း ချနေသည့် ဈေးနှုန်းများသည်ဖြစ်သင့် သည့်ဈေးနှုန်းထက် ပို၍ရောင်းချနေ သည်ကို စိစစ်တွေ့ရှိရသဖြင့် စက်သုံး ဆီတင်သွင်းဖြန့်ဖြူးသည့် ပုဂ္ဂလိကလုပ် ငန်းရှင်များအားလုံးကို မတော်လော ဘဖြင့် အမြတ်အစွန်းတင်၍ ရောင်းချ ခြင်းမပြုရန် သတိပေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။" သင်္ဘောနဲ့ ထုတ်လာတဲ့ လက်ကား ဈေးကွက်မှာတော့ စက်သုံးဆီဈေးက တည်ငြိမ်ပါတယ်။ ဒါပေမယ့် လက်လီ ရောင်း တဲ့အခါမှာတော့ဈေးကအပြောင်း အလဲတွေ ဖြစ်နေတယ်။ လက်လီ အရောင်းဆိုင်တွေက ဝယ်လိုအားများ ရင် များသလောက် ဈေး ကိုပြောင်းပြီး ရောင်းနေကြတယ်။ မှန်မှန်ကန်ကန် ရောင်းနေတဲ့ဆိုင်တွေလည်းရှိတယ်။ ဒါ မျိုးတွေ ဖြစ်လာပြီ ဆိုရင် စက်သုံးဆီ အသင်းက ထိရောက်တဲ့စုံစမ်းမှုတွေ လုပ်ပြီး အရေးယူသင့်ပါတယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်တာဝန်ခံတစ်ဦးက ပြော သည်။" စက်သုံးဆီဈေးတွေ အတတ်နိုင်ဆုံး ကန့်သတ်လျှော့ချပြီး သတ်မှတ်ရောင်း ပေးနိုင်ဖို့ ပုဂ္ဂလိကစက်သုံးဆီ ဖြန့်ဖြူး နေတဲ့ လုပ်ငန်းရှင်တွေကို စည်းရုံးပြီး ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်'' ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်း ချဖြန့်ဖြူးရေးအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။ မယ်သီတာ
Background