Main menu

Background

ကားဈေးကွက်အေးနေပြီး အငှားယာဉ်အဖြစ် ပြောင်းလဲတင်သွင်းမှုများနေ

Sun, 07/29/2012 - 09:06 -- Anonymous (not verified)

      ကားဈေးကွက်အတွင်း ကားများ မှာ ပြန်ရောင်းလိုသူများပြီး အကျဘက် သာဦးတည်နေသော်လည်း အဝယ်မရှိ သလောက်ကျဲပါးကာ ကားမဝယ်ယူဘဲ အခြေအနေစောင့်ကြည့်သူ   များလာ ကြောင်း အပေါ်ဝိုင်းသတင်းအရ သိရ သည်။ ပုံမှန်တင်သွင်းလာသော ကား များထဲတွင် အင်ဂျင်ပါဝါသေး ကားများ နှင့် ကျပ်သိန်း ၃၀၀ ဝန်းကျင် တန် ကြေးရှိကားများထဲတွင် ဆပ်(ဖ်)၊ ပါဂျဲ ရိုး၊ ပါရာဒိုအချို့သာ အရောင်းအဝယ် ရှိ အမေးရှိကာ ကျန်ကားများမှာ ဈေး ကွက်ထောက်ခြင်း၊  ကားပြခန်းနှင့်  ဝိုင်း ထဲတွင်လိုက်ကြည့်သည့် သဘောသာရှိ ကြောင်း သိရသည်။ကားဈေးကွက်  အယူအဆရ ငါး ပွက်ရာ ငါးစာချနေမှု များပြားလာပြီး ယခုရက်ပိုင်းအတွင်း  လေလံလေးဘီး များနှင့်   လေလံ သတ်မှတ်ချက်ပြည့်စုံ သည့် ကားများအား များများစားစား လိုက်လံစုဆောင်းမှုများ ရှိလာကြောင်း၊ လေလံကားများမှာ  အခွန် ၆၀ ရာခိုင် နှုန်း  သက်သာသဖြင့် ၉၆ မှ ၂၀၀၆ မိုဒယ်(လ်)ကားများ  တင်သွင်းခွင့်ပြု ရာတွင်  များစွာအကျိုးဖြစ်နိုင်သဖြင့် တွက်ရေးဖြင့်  လိုက်လံဝယ်ယူကြခြင်း သာဖြစ်ကြောင်း  အပေါ်ဝိုင်း  ဝါရင့် အကျိုးဆောင်  ကိုမြင့်ကျော်မှ ပြော သည်။၂၀၀၇ ခုနှစ်နှင့်အထက် နိုင်ငံသား ဖြစ်သူမည်သူမဆို တင်သွင်းခွင့်ရထား သော (ဖရီးပါမစ်)မှာ  ယခုအခါ တင် သွင်းမှုအေးနေပြီး   လက်ရှိတင်သွင်း ရောက်ရှိပြီးကားများသာ အစွံထုတ်နေ ကြကြောင်း၊  ဂျပန်လေလံဈေးကွက် မှာလည်း လက်ရှိအသွင်းများနေသည့် အင်ဂျင်ပါဝါသေးကားများ  လေလံဈေး တန်းမြင့်လာသဖြင့် ကာလစောင့်ဆိုင်း တင်သွင်းသည့်သဘော    တွေ့လာ ကြောင်း ၎င်းမှပြောသည်။လတ်တလော   စီအန်ဂျီသုံးယာဉ် များဈေးမော့နေပြီး ကားလ်ဒီးနား (99/2000)အိုး တပ်ဆင်ပြီး နံပါတ်အထွက် ကျပ်သိန်း ၂၀၀ ခန့် ဈေးပေါက်ကာ အရောင်းမရှိကြောင်း၊ စီအန်ဂျီကားများ ဈေးမော့လာရခြင်းမှာ အပ်ပြီးကားများ စီအန်ဂျီပြန်သုံးစွဲခွင့် အချိန်ကာလ နှစ် လခန့်  ကြာမြင့်သည်ကြောင့် လည်း ကောင်း၊ လက်ရှိတက္ကစီဈေးကွက်တွင် လည်း စီအန်ဂျီသုံးကားများသာ တွက် ခြေကိုက်ခြင်းကြောင့်  လည်းကောင်း ယခုလို   ဈေးပြန်မာလာရခြင်းဖြစ် ကြောင်း ၎င်းမှပြောသည်။ရာသက်ပန်  တက္ကစီအမည်ခေါ် သည့် အဆင့်မြင့်အက္ခရာ (AA) တွက် တက္ကစီများ မြို့တွင်း၌ များများစားစား တွေ့လာရပြီး စီအန်ဂျီသုံးကားများ မဟုတ်ဘဲ   အဆင့်မြင့်   ဓာတ်ဆီ (အော့တိန်း)သုံးယာဉ်များ ဖြစ်နေသဖြင့် တက္ကစီကားများ  ပေါလာသော် လည်း ငှားရမ်းခဈေးနှုန်းကျဆင်းခြင်း မရှိသေး ကြောင်း  တက္ကစီ  ပုံမှန်သုံးစွဲနေသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ပြောသည်။SN