Main menu

Background

စက်သုံးဆီများ အရည်အသွေးနဲ့ အခြားရောနှောမှုများအား စစ်ဆေးသင့်

Sun, 07/29/2012 - 09:10 -- Anonymous (not verified)

      မန္တလေးမြို့ စက်သုံးဆီဈေးကွက်မှာ  ဆီရောနှောရောင်းချမှုများ ကြောင့် မော်တော်ယာဉ်အချို့ အခက်အခဲများနဲ့ တွေ့ကြုံ ရခြင်းကြောင့် စစ်ဆေးသင့်ကြောင်း မော်တော်ယာဉ်မောင်းအချို့က ပြောပါတယ်။" မန္တလေးမှာ ရောင်းချတဲ့ဆီတွေက ဒီဇယ်ဆိုရွှေကြက်ယက်ဆိပ်ကမ်း မှာဝင်တဲ့ဆီနဲ့ မြန်မာ့ရေနံကရောင်းတဲ့ တိုင်ဆီ ဆိုပြီး ဈေးကွက်ထဲမှာရောင်း ချတယ်။ ရှေ့တစ်ပတ်က ဆီဈေးမြင့်တော့ အရည်အသွေးမမီတဲ့ဆီတွေ နဲ့ ရောရောင်းတာလဲရှိတယ်။ စင်ကာပူကဝင်တဲ့ ပရီမီယမ်ဆီဆို Quality အရမ်းကောင်းတော့ ပရီမီယမ်မဟုတ်တဲ့ ဈေးလျှော့တဲ့ ဆီတွေနဲ့ ရော ရောင်းချလာတယ်။ ပန့်ဆိုင်မှာဝယ်ရင် အရောင်မမြင်ရဘူး။ ဓာတ်ဆီဆို လမ်းဘေး ဘူးထောင်ရောင်းတဲ့ ဆီဆိုင်လေးတွေမှာ ရေရောရောင်းတာလဲ ရှိတယ်။ ဈေးနည်းတဲ့ဆီနဲ့ ရောရောင်းတာရော၊ အရက်ဆီနဲ့ရောရောင်း တာရော လုပ်လာကြလို့ မော်တော်ယာဉ်တွေမှာ မီးခိုးလိုက်တာ၊ ထိုးရပ်သွား တာ၊ အင်ဂျင်သံ ဆူညံလာတာမျိုးတွေကြုံတွေ့ရတယ်။ ဒါမျိုးတွေမရှိအောင် စက်သုံးဆီဆိုင်တွေရော၊  လမ်းဘေးဆိုင်တွေမှာပါ စစ်ဆေးပြီး ရောင်းချခွင့် ပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်"လို့ စက်သံုံးဆီသုံးစွဲသူအချို့က ပြော ပါတယ်။မန္တလေးဈေးကွက်မှာ ရွှေကြက်ယက်ကဝင်တဲ့ ဒီဇယ်ဆီ (၅၂ ဂါလန် ပါ) တစ်ပီပါကို ကျပ် ၁၇၀၀၀၀၊ ပရီးမီးယားဆီ ၂၁၀၀၀၀ ကျပ်၊ ဓာတ်ဆီ တစ်ပီပါ  ၂၃၀၀၀၀ ကျပ်ရှိလို့ မုံရွာချက်ဆီ (ဒီဇယ်) ဆီဈေးမှာ ကျပ် ၁၀၀၀၀ လျော့နည်းကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ဓာတ်ဆီပန့်ဆီ ဈေးမှာ ပြင်ပဈေးတစ်ဂါလန်  ကျပ် ၄၅၀၀၊ ၄၆၀၀ ဈေးဖြစ်လို့ လမ်းဘေး ပုံးထောင်ဆိုင်လေးများမှာ ၄၀၀၀ ကျပ်နဲ့သာရောင်းရခြင်းကြောင့် ရော နှောရောင်းချမှုများ ပိုလာခြင်းဖြစ်ကြောင်း သိရပါတယ်။        ဇူးဇူး