Main menu

Background

အစေ့ထုတ်ပြောင်း လက်ကျန်နည်းပြီး ဈေးမြင့်လာ

Sun, 07/29/2012 - 09:49 -- Anonymous (not verified)

    ဟင်္သာတပြောင်းဈေးကွက်ရှိ အစေ့ထုတ်ပြောင်းဈေးမှာ တဖြည်းဖြည်းမြင့်လာ သော်လည်း ပြောင်းဝင်ရောက်မှု နည်းပါးလာပါတယ်။ယခင်တစ်ပတ်ကအစေ့ထုတ် ပြောင်းဈေးမှာ ပိဿာ ၂၀ တစ်တင်းကို ၈၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ပြု လုပ်ကြပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၉၃၀၀ ကျပ်ဈေးအထိ မြင့်တက်လာတာ တွေ့ရပါတယ်။ မြို့ပေါ်ရှိ ပြောင်းကုန်သည် များမှာလည်း ဈေးမြင့် တက်ချိန်မှာပိုပြီး ရောင်းဝယ်မှုပြုလုပ်ကြပါတယ်။ ပြောင်းလက်ကျန်လည်း နည်းပါးလာပြီး ရန်ကုန် ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်မှုကြောင့် ရန်ကုန်ဘုရင့်နောင်ဈေးကွက် ကို တစ်နေ့ အိတ် ၁၀၀၀ ခန့် တင်ပို့နေတယ်လို့ သိရပါတယ်။အေးအေးခိုင်