Main menu

Background

ပင်လယ်ရေကြောင်းမှ တရုတ်သို့ ရော်ဘာ အပို့ရှိ

Sun, 07/29/2012 - 09:52 -- Anonymous (not verified)

    တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် RSS-3  တန် ၅၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၄၀၀ သန်းဖိုးကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်းမှာ ပိုမိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က MSR-50 ၁၆ တန် ကျော်သာ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန် ၄၈၀ ကျော် ပိုမိုတင်ပို့ ခဲ့ပါတယ်။ ဇူလိုင် ၁ ရက်မှ ၂၁ ရက်ထိ ကာလအတွင်းမှာ ပင်လယ်ရေကြောင်း ရော်ဘာအဆင့်စုံ ၈၉၉ တန်ကျော် တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အဆင့်အလိုက် တင်ပို့မှုတွေကတော့RSS-3   တန် ၅၂၀၊ MSR-20 ၃၆၂ တန်ကျော်နဲ့ MSR-50 ၁၆ တန်ကျော် အသီးသီးဖြစ်ပြီး တရုတ်၊ ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံများသို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ် FOB ဈေးများကတော့ RSS-3  တစ်တန်လျှင် ဒေါ်လာ (၂၇၀၀-၂၈၀၀) နဲ့ RSS-5 တစ်တန်လျှင် ဒေါ်လာ (၂၆၀၀-၂၇၀၀) ဈေးပေါက်လျက်ရှိပါတယ်။ MIRT(DOBT)