Main menu

Background

ကမ္ဘာ့ရော်ဘာဈေးကွက်အခြေအနေကို ခန့်မှန်းရန် ကမ္ဘာ့စီးပွားရေးအခြေအနေများကို စောင့်ကြည့် လေ့လာရမည်

Sun, 07/29/2012 - 09:57 -- Anonymous (not verified)

    အီးယူဒေသ ကြွေးမြီ အကျပ် အတည်းကို ထိန်းချုပ်နိုင်ရန်အတွက် ခက်ခဲစွာ ကြိုးပမ်းနေရချိန်မှာ တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ နှေးနေပြီးနောက် ထပ်လည်းအေးနေ လိမ့်မယ်လိ့ု တရုတ် ဗဟိုဘဏ်မှ အကြံ ပေးပညာရှင် တစ်ဦးက ခန့်မှန်းပြော ကြားလိုက်ရာ ကမ္ဘာ့ရွှေ၊ ရေနံစိမ်းဈေး နှုန်းတွေအပြင်ရော်ဘာဈေးနှုန်းပါ အား နည်းလာခဲ့ပါတယ်။ ဇူလိုင် ၂၄ ရက် တိုကျိုရော်ဘာ ကြိုပွိုင့် ဈေးကွက် (TOCOM) မှာ ရော်ဘာ ကြိုပွိုင့် ဈေးနှုန်းတွေက ၂  နှစ်ခွဲကျော် ကာလ အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်လာခဲ့ တယ်လို့သိရတယ်။ ဒီဇင်ဘာ အရောက် ပို့ရမယ့် စံသတ်မှတ် ရော်ဘာ စာချုပ် ဈေးနှုန်းက တစ်ကီလိုကို ၂၂၃ ဒသမ ၈ ယန်း (တစ်တန်ကိုကန်ဒေါ် လာ ၂၈၆၀)အထိ ရောက်ရှိခဲ့ရာ ၂၀၀၉ ခုနှစ်  နိုဝင်ဘာ နောက်ပိုင်း အနိမ့်ဆုံး ဈေး နှုန်း ဖြစ်လာတယ်လို့ သိရတယ်။    ထိုင်းနဲ့ မလေးရှားရော်ဘာ ဈေး ကွက်တွေမှာလည်း ရော်ဘာဈေးနှုန်း တွေက ယခင်သီတင်းပတ်ကထက် လျော့နည်းလာတယ်။ ဇူလိုင် ၂၄ ရက် က ထိုင်းရော်ဘာ RSS-5 (မှိုင်းခံ ရော်ဘာ အဆင့် ၅) က ယခင် သီတင်း ပတ်ဖြစ်တဲ့ ဇူလိုင် ၁၇ ရက် ဈေးနှုန်းနဲ့ ယှဉ်ရင် ၁၁၅ ဒေါ်လာ ဈေးကျသွား တယ်။ မလေးရှားရော်ဘာ (Standard Malaysian Rubber SMR-20) ကလည်း ယခင်သီတင်းပတ်ကထက် (၁၆၁)ဒေါ်လာဈေးကျလာတယ်။ ကမ္ဘာ့ ရော်ဘာဈေးနှုန်းတွေ ကျဆင်း နေရာ ထိုင်းရော်ဘာစိုက်ပျိုးသူတွေ အထိမနာစေရေးနဲ့ ရော်ဘာဈေးမြင့်မား ရေး ဆောင်ရွက်ဖို့ ထိုင်းအစိုးရအဖွဲ့က ဘတ်ငွေ ၁၅ ဘီလီယံကို သုံးစွဲသွားဖို့ ဇူလိုင် ၁၇ ရက်က ခွင့်ပြုလိုက်ကြောင်း သိရတယ်။    ၎င်းင်းငွေနဲ့ အစိုးရက ရော်ဘာ စိုက် ပျိုးသူတွေဆီမှ ရော်ဘာ RSS-3 တစ်ကီလိုကို ၁၂၀ ဘတ် (တစ်တန်ကို ကန်ဒေါ်လာ ၃၈၇၀ ဝန်းကျင်) နဲ့ အနည်းဆုံးတန်ချိန် ၂ သိန်းဝယ်ယူ သိုလှောင်သွားမှာ ဖြစ်တယ်။ ၎င်းင်းအစီ အစဉ်ကြောင့် ဈေးနှုန်းမြင့်မားလာခြင်း မရှိပါက လယ်ယာ စိုက်ပျိုးရေးနဲ့ သမ ဝါယမ ဝန်ကြီးဌာနအနေနဲ့ အစိုးရဆီမှ နောက် ထပ် ဘတ်ငွေ ၁၅ ဘီလီယံ ထပ်မံတောင်း ဆိုပေးမှာဖြစ်ကြောင်း ဒုတိယဝန်ကြီး Nattawat Saikuar  က ပြောကြား တယ်။    ထိုင်းနိုင်ငံ ပြည်တွင်း လက်ရှိ ရော် ဘာ ဈေးကွက်ပေါက်ဈေးမှာ တစ် ကီလိုကို ၉၈ ဒသမ ၆ ဘတ် (တစ်တန် ကို ကန်ဒေါ်လာ ၃၁၈၀ ဝန်းကျင်) သာဖြစ်ရာ ၂၀၁၀ ခုနှစ်  ဇန်နဝါရီ ၅ ရက် နောက်ပိုင်း အသက်သာဆုံးဈေး နှုန်းဖြစ်ကြောင်း သိရတယ်။ ကမ္ဘာ့ စီးပွားရေး အားနည်းလာတဲ့ လက္ခဏာ တွေက ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ဈေးကွက်ကို လွှမ်းမိုးလျက်ရှိရာ ကမ္ဘာ့ ရော်ဘာဈေးကွက်အခြေအနေကို ခန့်မှန်းဖို့ ကမ္ဘာ့စီးပွားရေးအခြေအနေ တွေကို စောင့်ကြည့်လေ့လာရမှာ ဖြစ် တယ်။ပပှSource :bangkokpost.com, brecorder.com, rubberboard.org.in, Thai rubber exporter association