Main menu

Background

နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍအသီးသီးနှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပသွားမည်

Wed, 08/01/2012 - 06:18 -- Anonymous (not verified)

     နိုင်ငံတော်နှင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍအသီးသီးနှင့်ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင်းပသွားမည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများ၊ စီးပွားရေးပညာရှင် များ၊ လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများမှ အဆိုပါဆွေးနွေးပွဲများကို တက်ရောက်၍ မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်အကြံပြုဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ဒေသအလိုက် စီးပွားရေးကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးဖော်ထုတ်ကြမှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် အမျိုးသား အဆင့်တွင် ဆက်လက် အကောင်အထည်ဖော်မည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဟု သိရသည်။ အချို့သောလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်းအင်အားဖြင့်  ဆောင်ရွက်နိုင်မည်ဖြစ်သလို၊ အချို့ဒေသများတွင် မိမိတို့တိုင်းရင်းသားလုပ်ငန်းရှင်များက ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်မှာဖြစ်ပါသည်။ တိုင်းရင်းသားလုပ်ငန်းရှင် များမှ ငွေကြေး အရင်းအနှီး၊ နည်းပညာစသည့် အကန့်အသတ်များကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းများအား ပြည်ပရ င်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆွေးနွေး၍ အများပြည်သူဆန္ဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်းသိရ သည်။ ပြည်သူများ မျှော်မှန်းလိုလားလျက်ရှိသော အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေများ ပိုမိုတိုးတက်စေကာ တစ်မျိုးသားလုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စီးပွားရေးလုပ်ငန်းနယ်ပယ်ကဏ္ဍ အလိုက် ဆွေးနွေးပွဲများ ကျင်းပမည့် အစီအစဉ်များနှင့် အမျိုးသားအဆင့် မူဝါဒများ ချမှတ်မည့်၊ ဆွေးနွေးမည့် အစီအစဉ်များ အား ဖော်ပြလိုက်ပါသည်။