Main menu

Background

ရေကြောင်းလမ်းမှ ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ငါးသောင်းနီးပါးဝင်

Wed, 08/01/2012 - 08:53 -- Anonymous (not verified)

ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်တာကာ လအတွင်း ဓာတ်ဆီ ၁၄၉၉ ဒသမ ၉၈ တန်နဲ့ ဒီဇယ် ၄၆၉၆၀ ဒသမ ၅၆၁ တန် စုစုပေါင်းတန်ချိန် ၄၈၄၆၀ ဒသမ ၅၄၅ ကိုကုမ္ပဏီနှစ်ခုမှ တင်သွင်းခွင့်လိုင်စင် လျှောက်ထားလာ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ကုမ္ပဏီ ၁၀ ခုမှ တင်သွင်းခွင့်လိုင်စင်လျှောက်ထားတဲ့တန်ချိန်မှာ ငါးသောင်း သုံးထောင်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်လိုင်စင်လျှောက်ထားမှုတန်ချိန်မှာ တန် ငါးထောင်တစ်ရာေ ကျာ် လျော့နည်းပြီး လျှောက်ထားတာတွေ့ရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိ ပေမဲ့ အောက်တိန်းဆီကတော့ ၅၀ ကျပ် ဈေးလျော့လာပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးတွေက ဓာတ်ဆီတစ်ဂါလန် ၃၅၅၀ ကျပ်၊ ဒီဇယ်တစ် ဂါလန် ၃၆၅၀ ကျပ်၊ အောက်တိန်း ၃၈၀၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် ၃၈၅၀ ကျပ် တို့နဲ့ရောင်းချနေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ဈေးမှာတော့ အရောင်းလည်းပါး လာတာကြောင့် ဈေးကလည်း သိသိသာသာ ကျလာတာတွေ့ရပါတယ်။ ဈေးကျ လာတာက ဓာတ်ဆီဈေးဖြစ်ပြီး ဒီဇယ်က ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှု မရှိဘဲငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ပြင်ပဆိုင်ရဲ့ ဈေးတွေက ဓာတ်ဆီ ၄၀၀၀-၄၂၀၀ ကျပ်၊ ဒီဇယ်ဆီ ၃၃၀၀-၃၄၀၀ ကျပ်နဲ့ အောက်တိန်းဆီ ၃၆၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က အရောင်းအဝယ်ပုံမှန်ရှိနေတယ် လို့ဆိုပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီဈေးက ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိဈေးရှိ ခဲ့သော်လည်း ဒီတစ်ပတ်မှာတော့ ၄၀၀၀ ကျပ်ပဲ ဈေးရှိတော့ပါတယ်။ ဒီဇယ်ဈေးက ယခင်တစ်ပတ် အတိုင်း ၃၄၀၀ ကျပ်ဝန်းကျင်ပဲရှိတော့တယ်လို့လည်း သိရပါတယ်။ ဒီဈေးနှုန်းတွေကတော့ ပြင်ပဆိုင် ရဲ့ ဈေးနှုန်းတွေ ပဲဖြစ်ပါတယ်။ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ရဲ့ဈေးတွေက ဓာတ်ဆီ ၃၇၀၀ ကျပ်နဲ့ ဒီဇယ်က တစ်ဂါလန် ၄၀၀၀ ကျပ်ရှိတယ် လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ  ဓာတ်ဆီ၊ ဒီဇယ်ဈေးက ပုံမှန်အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရပါတယ်။ ပြင်ပဆိုင်ဈေးမှာ ယခင်တစ် ပတ် ၄၂၀၀ ကျပ်နဲ့ ရောင်း နေတဲ့ ဓာတ်ဆီဈေးက ဒီတစ်ပတ်မှာ ၃၈၀၀ ကျပ်ဈေးနဲ့ ဈေးကျခဲ့ပါတယ်။ ဒီဇယ် ဈေးက ပုံမှန်ပဲရှိနေတယ်။ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ဈေး အတိုင်းရှိတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဈေးတွေက ဓာတ်ဆီ တစ်ဂါလန် ၃၈၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါလန် ၄၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါ တယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီနဲ့ ဒီဇယ်က အရောင်းအဝယ် ပုံမှန်ရှိ တယ်လို့ သိရပါတယ်။ ဒီဇယ်က လိုသလောက်ဝယ်လို့ရ တာကြောင့် ဈေးက အပြင် နဲ့ ပုဂ္ဂလိကဆိုင်ဈေး မကွာပေမဲ့ ဓာတ်ဆီကတော့ ၄၀၀ ကျပ်လောက်ကွာပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးတွေက ဓာတ်ဆီ ၃၆၅၀ ကျပ်၊ ဒီဇယ် ၃၂၀၀ ကျပ်ဖြစ် ပြီး ပြင်ပဆိုင်ရဲ့ ဈေးတွေက ဓာတ်ဆီ ၄၀၀၀ ကျပ်နဲ့ ဒီဇယ် ၃၃၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။                                                              MIRT(DOT)ဓာတ်ဆီအသွင်းပို၊ ဒီဇယ်အသွင်းလျော့ဇူလိုင် ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းမှ ၁၃၁၂၅ ဂါလန်၊ တာချီလိတ်မှ ၄၅၀၃၃ ဂါလန်ကျော်နဲ့ မြဝတီမှ ၈၃၅၄၆ ဂါလန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၄၉၁ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၆၇၁၂ ဂါလန် အသွင်းလျော့ခဲ့ပါတယ်။ မြဝတီနယ်စပ်မှ အသွင်းပိုခဲ့သော်လည်း မြိတ်နယ်စပ်မှ အသွင်းမရှိခြင်း၊ ကော့ သောင်းနဲ့ တာချီလိတ်မှ အသွင်းလျော့နည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။   MIRT(DOBT)  ၂၁-၇-၂၀၁၂ မှ  ၂၇-၇-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      3850     4050 ၂။ လွယ်ဂျယ်   ဂါလန်      4200    4150 ၃။ ချင်းရွှေဟော်   ဂါလန်      4000     4000     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်      3900    3500 ၂။ မြဝတီ    ဂါလန်      3050     3050 ၃။ တာချီလိတ်   ဂါလန်      3808    3865  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4050    4350  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4400     3500 ၂။ မောင်တော   ဂါလန်    8000      -