Main menu

Background

သြဂုတ်လဆန်း ပြည်ဈေးကွက်မှာ ပဲတီစိမ်းအရောင်းအဝယ်သွက်သလို ပဲကြီးဈေးနှုန်းများ မြင့်လာခဲ့

Mon, 08/27/2012 - 07:04 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရဲ့ ပဲဈေးကွက်အတွင်း ပဲသီးနှံမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုသြဂုတ် လ ဆန်းမှာ အရောင်းအဝယ်သွက်နေတဲ့ ပဲများကတော့ ပဲတီစိမ်း နဲ့ မတ်ပဲသီးနှံတို့ပဲဖြစ်ပါတယ်။ကုလားပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ပဲပုပ် သီးနှံအမျိုးအစားများကတော့ လက်ကျန်လည်းအသင့် အတင့်ရှိပြီး၊ ဝင်ရောက်မှုမှာလဲ အဝင်နည်းနေခဲ့ ကြပါတယ်။

ဒေသတွင်းလက်လီသမားများနဲ့ လုပ်ငန်းရှင်များ အဝယ်ရှိ ပေမယ့် ရန်ကုန်ဝယ်လက်နဲ့ အခြားတိုင်း များကို တစ်ခါတစ်ရံ တင်ပို့နိုင်ခဲ့ကြပါတယ်။ ပဲဈေးနှုန်းများမှာ ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တင်း ၁၇၈၀၀ ကျပ်မှ ၁၈၄၀၀ ကျပ်ထိ ဈေးလှုပ် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်က တစ်တင်း ၂၀၀၀၀ ကျပ်ထိ ဈေးမြင့်သွားခဲ့ သော်လည်း ယခုတစ်ပတ်မှာ ဈေးပြန်ကျသွားခဲ့ပေမယ့် လှောင်လက်သမားများမှ ထုတ်ရောင်းချမှုများရှိလာပြီး၊ ရန်ကုန်ဝယ်လက်နေ့စဉ် အဝယ်ရှိလို့ တစ်ရက် အိတ် ၅၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ဇူလိုင် လကုန်တွင်း ပဲဈေးနှုန်း များမြင့်လာမှုကြောင့် ဇူလိုင်လ အတွင်း ရောင်းချမှုများခဲ့တဲ့အတွက် အိတ် ၃၀၀၀၀ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံကတော့ ယခုတစ်ပတ်အတွင်း ဒေသတွင်း ထွက်ရှိမှု များလာသလို မကွေးတိုင်းဒေသကြီးမှလည်း ကုန်း လမ်းရော၊ ရေလမ်းကပါ အဝင်ရှိခဲ့တာကြောင့် တစ်နေ့အိတ် ၅၀၀ ကျော်အထိ ဝင်ရောက်ခဲ့တယ်လို့ ပွဲရုံများမှ သိရပါ တယ်။ ရန်ကုန်ဝယ်လက်၊ မန္တလေးဝယ်လက် အဝယ်ရှိပြီး ပဲအရည်အသွေးအလိုက် ဈေးပေးဝယ်ယူမှုများရှိတဲ့ အတွက် ပဲတီစိမ်း(ထိပ်စ)တစ်တင်း ၁၈၅၀၀ ကျပ်၊ (ရိုးရိုးစ)တစ်တင်း ၁၈၂၀၀ ကျပ်နဲ့ အဝင်ရှိသလောက် အရောင်းအဝယ်သွက် နေခဲ့ပါတယ်။ ပဲစင်းငုံဈေးနှုန်းကတော့ ယခင်တစ်ပတ်က တစ်တင်း ၁၇၈၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပေမယ့် ယခု တစ်ပတ်မှာတော့ တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ ဈေးအပြောင်း အလဲ သိပ်မရှိတာကို တွေ့ရပါတယ်။ ပဲအဝင်နည်း သွားပြီး၊ လက်ကျန်များသာ တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ ပဲစင်းငုံ သီးနှံကို ရန်ကုန်ဝယ်လက် အဝယ်ရှိတဲ့ရက်မှာ အိတ် ၄၀၀ ကျော်  ၅၀၀ ခန့်အထိ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲကြီးဈေးနှုန်းကတော့ ပဲဈေးကွက်အတွင်း ဈေးအမြင့်နဲ့ လှောင်လက်သမားများကြိုက်ဈေးရနေပြီလို့ သိရပါတယ်။ ပဲတစ်တင်းကို ၂၀၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ပြီး၊ ယခုတစ်ပတ် အတွင်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ၂၇၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၅၀၀၀ ကျပ်နဲ့ ဒေသတွင်း ပဲလှော်ဖို လုပ်ငန်းများ အဝယ်ရှိသလို ရန်ကုန်ဝယ်လက်အဝယ် လိုက် ခဲ့ပါက တစ်ရက်အိတ် ၃၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပဲကြီးသီးနှံကိုတော့ ဒေသတွင်း ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်းမြို့နယ်များအပြင် မကွေးတိုင်း ဒေသကြီးဖက်က လည်း နေ့စဉ် ဈေးကွက်အတွင်းကို အဝင် ရှိနေခဲ့ပါတယ်။ ကုလားပဲဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်း ၂၄၅၀၀ ကျပ်ထိ ဈေးမြင့်ခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တစ်တင်း ၂၃၅၀၀ ကျပ်နဲ့သာ ဈေးလျှော့အဝယ်ရှိခဲ့တာကို တွေ့ရပါတယ်။ ပဲအဝင်လည်း အနည်းငယ်သာရှိတာကြောင့် လက်ကျန်ပဲများကို ဒေသတွင်း ခွဲစက်သမားများမှလည်း နေ့စဉ်အဝယ်မရှိသလို ရခိုင်ပြည်နယ်ဘက်မှလည်း တစ်ခါ တစ်ရံ အဝယ်ရှိတဲ့အတွက် ယခုသြဂုတ်လအတွင်း ကုလားပဲ သီးနှံမှာ ဈေးလည်းအေး၊ အရောင်းအဝယ် ဖြစ်မှုလည်း နှေးနေခဲ့တယ်လို့ သိရပါတယ်။                ခင်ဆွေဝင်း