Main menu

Background

အိန္ဒိယနိုင်ငံပွဲတော်ရာသီ စတင်သည့်အပြင် စိုက်ဧကကျဆင်းခြင်းကြောင့် ပြည်တွင်းပဲဈေးကွက်ပုံမှန်ရှိရာမှ ပြန်ခိုင်မာ

Mon, 08/27/2012 - 07:04 -- Anonymous (not verified)

အိန္ဒိယနိုင်ငံမှာ မိုးပဲစိုက်ဧရိယာကျဆင်းတဲ့ သတင်းတွေ အပြင်ပွဲတော်ရာသီအစမှာဝယ်လိုအားတိုးလာတာရယ်၊ လက်လီ သမားတွေဆီက ဝယ်လိုအားများလာတာကြောင့် ပြည်တွင်း ပဲဈေးကွက်ပုံမှန်ရှိရာမှ ခိုင်မာလာကြောင်း သတင်း ရရှိပါတယ်။

မုတ်သုံမိုးရရှိမှု နည်းတာကြောင့် ဇွန်လအတွင်း မိုးသီးနှံစိုက်ပျိုးမှုနှောင့်နှေးခဲ့ရာ ကအခုအချိန်အထိအကျိုးသက် ရောက်နေတုန်းဖြစ်ပါတယ်။ ရာသီနှောင်းပိုင်းမှာ အယ်လ်နီညို သာဖြစ်ခဲ့ရင် သီးနှံအခြေအနေ ထပ်ဆိုးဦးမှာ ဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၇ ရက်နေ့အထိ ပဲစိုက်ဧရိယာဟာ ယခင်နှစ်ထက် ၁၃ ဒသမ ၈၄ ဟက်တာသိန်းအထိ ကျဆင်းသွားပြီး ယခင်နှစ်က ၇၆ ဒသမ ၆၃ ဟက်တာသိန်းအထိ စိုက်ပျိုးခဲ့တယ်လို့ သတင်း ရရှိပါတယ်။