Main menu

Background

ပဲတီစိမ်းစိုက်ဧက သိသိသာသာလျော့ကျ

Mon, 08/27/2012 - 07:09 -- Anonymous (not verified)

ပဲတီစိမ်းရွှေဝါကလည်း ဇူလိုင် ၁၉ ရက်အထိ ၉၉၃ ဒေါ်လာ သာအမြင့်ဆုံးဖြစ်ခဲ့ရာက ၂၁ ရက်မှာ ၁၀၈၈ ဒေါ်လာအထိ ဈေး မြင့်တက်လာခဲ့ပါတယ်။ ၂၃၊ ၂၄ ရက်နေ့တွေမှာတော့ အရောင်း အဝယ်ပါးပြီး ၁၀၅၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့ရာက နောက် ရက်တွေမှာ အနည်းငယ်ဆက်လက်ကျဆင်းပြီး ဇူလိုင် လကုန်မှာ ၁၀၄၆ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။

သြဂုတ် ၁ ရက်မှာ ၁၀၄၅ ဒေါ်လာ ရှိနေပါတယ်။ ရာဂျက်စသန်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ မိုးပဲတီစိမ်း ၃ ဒသမ ၅၆၉ ဟက်တာသိန်း သာစိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူစိုက်ဧက ဟက်တာ ၇ ဒသမ ၆၀ သိန်းထက် ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၀၈ ရာခိုင်နှုန်းအထိ ကျဆင်းပြီး သိသိသာသာ စိုက်ဧက လျော့နည်းခဲ့ပါတယ်။