Main menu

Background

ပဲစင်းငုံ PEC က တင်ဒါထပ်ခေါ်ရောင်း

Mon, 08/27/2012 - 07:12 -- Anonymous (not verified)

နိုင်ငံပိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ PEC က နှစ်ဟောင်း မြန်မာ ပဲစင်းငုံလီမွန် တန် ၃၀၀၊ တန်ဇန်းနီးယား ပဲစင်းငုံအဟောင်း ၁၁၇ တန်ကို တင်ဒါခေါ်ယူရောင်းချခဲ့ပြီး သြဂုတ် ၁၀ ရက်မှာ တင်ဒါဖွင့်မှာ ဖြစ်ပါတယ်။ ဇူလိုင် ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက် မှာ ပဲစင်းငုံဈေးဟာ ၆၉၄-၇၂၇ ဒေါ်လာသာ ရှိပါတယ်။

တတိယပတ်မှာ ၇၅၁ ဒေါ်လာကို တက်လာရာက ၂၃ ရက်မှာ ၈၁၂ ဒေါ်လာအထိပဲဈေးတွေ မြင့်တက်လာခဲ့ ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၃ ရက်က JNPT ဆိပ်ကမ်းကို မြန်မာပဲစင်းငုံ ကွန်တိန်နာ ၉၄ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံကွန်တိန်နာ အလုံး ၄၀ ဝင်လာပြီး PEC ကလည်း တင်ဒါခေါ်ရောင်းခဲ့တဲ့အတွက် ၂၄ ရက်နေ့မှာ အိန္ဒိယပဲစင်းငုံဈေး ၇၈၁ ဒေါ်လာကို ကျဆင်းသွားတာတွေ့ရပါတယ်။ ဇူလိုင်နောက်ဆုံးပတ် အတွင်း မှာ  ၇၆၇ ဒေါ်လာအထိ ကျဆင်းသွားခဲ့ပြီးသြဂုတ် ၁ ရက် မှာတော့ ၇၈၉ ဒေါ်လာကို ပြန်ခိုင်လာပါတယ်။ ဒါပေမဲ့ ရာဂျက် စသန်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်အထိ မိုးပဲစင်းငုံ ၁၉၂၀၀ ဟက်တာသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ စိုက်ဧက ဟက်တာ ၁၉၉၀၀ ထက်လျော့နည်းခဲ့ပါတယ်။