Main menu

Background

ချင်း(ဥမ)များသာ အရောင်းအဝယ်သွက်နေတဲ့ ပြည်ဈေးကွက်

Mon, 08/27/2012 - 07:23 -- Anonymous (not verified)

ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်းမှာ ချင်းအတက်များ ပစ္စည်းလက်ကျန် ပြတ်လျက်ရှိပြီး၊ ချင်း(ဥမ)များသာ အဝယ်ဖြစ်လျက်ရှိနေပါတယ်။ စီးဝင်မှုအနေနဲ့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ကို ပိဿာ ချိန် ၁၅၀၀ ခန့်ကို ဈေးကွက်မှ တစ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ဈေးကွက် အတွင်းရှိ ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ အရောင်းအဝယ် သွက် လျက် ဈေးနှုန်းမှာ တစ်ပိဿာကို ချင်းဥမ(ရှယ်) ၅၀၀ ကျပ်၊ (ဂျွန်) ၃၅၀-၄၀၀ ကျပ်တု့ိနဲ့ ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။                  ဝင်းဝင်းခိုင်