Main menu

Background

အောင်ပန်းချင်းဈေးကွက် ချင်း(ဥမ)များ အဝင်ပုံမှန်ရှိ

Mon, 08/27/2012 - 07:25 -- Anonymous (not verified)

အရင်တစ်ပတ်ကလို အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)က ပုံမှန်သာအဝင် ရှိနေပါတယ်။ ပြည်တွင်းသုံး အတွက်သာ ဝယ်နေတာကြောင့် အရောင်းကလည်း ပုံမှန်ရှိနေပါတယ်။ ဥမဈေးက ဒီတစ်ပတ်မှာ ၁၄၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါ တယ်။ တစ်ပိဿာ ၂၀၀ ကျပ်ဈေးဖြစ်လာရင်တော့ ဒီထက်ပိုပြီး အဝင်များလာနိုင် တယ်လို့ လည်းဆိုပါတယ်။

ချင်းတက်ကတော့ ခြံရှင်တွေဆီမှာသာ အနည်းငယ် ကျန်နေသေးပါတယ်။ ခြံရှင်တွေကတော့ ဈေးမကြိုက်လို့ ထုတ်မရောင်းသေးပါဘူး။ ချင်းတက်ဈေးကတော့တစ်ပိဿာ ၃၀၀ ကျပ်  - ၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ လက်ကျန်အတော်များများ ကျန်နေသေးတယ်လို့လည်း သိရပါ တယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်တွေဝယ်ယူလာတာကြောင့် ဈေးတက်လာပြီး တစ်ပိဿာ ၁၄၀၀ ကျပ် - ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံး ချင်း(ဥမ)ညံ့စကတော့ တစ်ပိဿာ ၈၀ ကျပ်မှ ၁၀၀ ကျပ်ဈေးနဲ့ ဈေးငြိမ် နေပါတယ်။ မြေနီချင်းကတော့ တစ်ပိဿာ ၁၅၀ ကျပ်ဈေးရှိပါတယ်။ အဝင်က သိပ်မရှိသေးပါဘူး။ မိုးနည်းနည်းပါးသွားရင်တော့ ဒီထက်အဝင် လှိုင်လာမှာ ဖြစ်ပါ တယ်။ ချင်းခြောက်ကတော့ လက်ကျန်နည်းပေမယ့် မန္တလေးဝယ်လက်တွေ ဝယ်နေ တာကြောင့် အရောင်းသွက်နေပါတယ်။ ဟိုပုံးချင်းခြောက်က တစ်ပိဿာ ၁၄၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။                                       ဧဧခိုင်