Main menu

Background

ရှမ်းနနွင်း အဝယ်လိုက်လို့ ဈေးတက်ရိပ်ပြ

Mon, 08/27/2012 - 07:31 -- Anonymous (not verified)

ရှမ်းနနွင်းကလည်း အဝယ်လိုက်နေပါတယ်။ ဒီတစ်ပတ်မှာလည်း ဈေးကတက်ရိပ်ပြနေပါတယ်။ အဝင် ကတော့ ထုံးစံ အတိုင်းများများစားစားမဝင်လာဘဲ လက်လီလောက်သာ အဝင်ရှိနေတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေဆီကသာ လက်လီလိုက်ပြီး ဝယ်နေရတယ်လို့လည်း သိရပါတယ်။

ခြံသမားတွေ ကတော့ ဈေး မကြိုက်သေးတာကြောင့် အနည်းအကျဉ်း လောက်သာ အရောင်းအဝယ်ပြုလုပ်နေကြတာလို့လည်း သိရပါတယ်။ ဆင်တောင်နနွင်းကိုတော့ တစ်ပိဿာ ၁၂၀၀ ကျပ်နဲ့မရောင်းချင်တော့ပဲ၊ ဒီထက်ပိုပြီး ဈေးခေါ်ဦးမယ်လို့လည်း ဆိုကြပါတယ်။ အောင်ပန်းဈေးကွက်မှာ ပင်လောင်းနနွင်းက တစ်ပိဿာ ၅၅၀ ကျပ်၊ ဟိုပုံးနနွင်းက ၉၅၀ ကျပ်၊ တောင်ပို့လနနွင်း(ရိုးရိုး)က တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးဈေးကွက်မှာလည်း နနွင်းအဝင်နည်းတယ်လို့ သိရပါတယ်။ နှစ်ပတ်ကြာ မိုးဆက်တိုက်ရွာနေတာကြောင့် ရွာလမ်းတွေ ပျက်ကုန်လို့ အဝင်နည်းနေတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မန္တလေး ဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၂ သောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဟိုပုံးနနွင်းက တစ်ပိဿာ ၉၀၀ ကျပ်ဈေး ပေါက်ပါတယ်။ဧဧခိုင်