မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်နယ်စပ်စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဒရင်ကောက် မြစ် ၅ တန်၊ အုံတုံခေါက် ၅ တန်၊ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ ၂ ဒသမ ၄၉၆ သန်းတန်ဖိုးရှိ ပရဆေး ၃၁၃၁ တန်ကျော် အပို့ရှိခဲ့ရာ နယ်စပ်မှပရဆေး ၃၁၄၁ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါ တယ်။
မူဆယ်နယ်စပ်မှယခင်အပတ်ကအပို့မရှိခဲ့တဲ့ မုတ်ခါး၊ ခပေါင်းစေ့၊ မန်ကျည်းမှည့်အစေ့ပါတို့ ယခုအပတ်မှာတင်ပို့မှု ရှိခဲ့ပါတယ်။ ကွမ်းစားဂမုန်း၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ စမုံနက်၊ တောဂျူးမြစ်၊ နနွင်းတက် (ရှမ်းစ)၊ မိကျောင်းကွမ်း ဖတ်စေ့၊ တောင်လုံးကျော်နဲ့ နေလဲစေ့တို့ ယခင်အပတ်က ထက် အပို့ပိုခဲ့ပြီး ဒရင်ကောက်မြစ်၊ ကွမ်းသီးခွံ၊ ကြက်ဆူစေ့၊ ကြောင်ပန်းစေ့၊ ချဉ်ပေါင်ဖာလာ (အခွံမပါ)၊ ချင်းခြောက်၊ စကားပန်းပွင့်ခြောက်၊ ဆီးဆံနဲ့ ကြောင်လျှာစေ့တို့အပို့ လျော့ ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၀၂ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ ဒသမ ၂၇၅ တန် အသွင်းရှိခဲ့ပါတယ်။ ဇူလိုင်လအတွင်းနယ်စပ်မှ ပရဆေး ၇၉၂၄ တန်ကျော် တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT)