၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခဲ့ရာ အစိုးရအနေနဲ့ ငွေကြေး မူဝါဒတွေ ဖြေလျော့ပေးခြင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ကောင်းမွန်လာမယ်လို့ သုတေသီတွေက ခန့်မှန်း ကြတယ်။
အီးယူဒေသ ကြွေးမြီအကျပ်အတည်းကလည်း ထပ်မံပြန့်ပွားဖွယ်မရှိတော့တဲ့အပြင် အမေရိကန်ရဲ့ စီးပွားရေးအခြေအနေ အားကောင်းလာတဲ့ အခြေအနေတွေကလည်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်တိုးတက်မှုအတွက် အလားအလာကောင်းတွေပဲ ဖြစ်တယ်။ အမေရိကန်နဲ့ အီးယူက တရုတ်နိုင်ငံရဲ့ အဓိကပို့ကုန် ဈေးကွက်ကြီးတွေဖြစ်တာကြောင့် ၎င်းနှစ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှသာ တရုတ်ရဲ့ ပို့ကုန်တိုးတက်မှာဖြစ်တာကြောင့် ၂၀၁၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ နှစ်အလိုက် ပို့ကုန်တင်ပို့မှုကို ၁၄ ရာခိုင်နှုန်းမှာ ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်ဖွယ်ရှိလာတယ်လိ့ု တရုတ်နိုင်ငံတော်ကောင်စီရဲ့ သုတေသနဖွံ့ဖြိုးတိုးတက်ရေး စင်တာမှ သုတေသီ Zhang Liqun က ဆင်ဟွာသတင်းဌာနကို ပြောကြားခဲ့တယ်။Source:xinhuaပပ