Main menu

Background

တရုတ်နဲ့ ထိုင်းမှ ဘိလပ်မြေများဝင်

Mon, 08/27/2012 - 07:50 -- Anonymous (not verified)

တရုတ်နဲ့ ထိုင်းမှ ဘိလပ်မြေများဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၁၀၂၆ ဒသမ ၉၀ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကိုးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင် သွင်းခဲ့တဲ့ဘိလပ်မြေများက တရုတ်နိုင်ငံမှ ဘိလပ်မြေ ၂၇ တန်နဲ့ ထိုင်းနိုင်ငံ ဘိလပ် မြေ ၁၀၉၉၉ ဒသမ ၉၀ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင် သွင်းမှုက တန်ချိန် သုံးသောင်းရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် နှစ်သောင်းနီးပါးလျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ကာလတူကာလဖြစ် တဲ့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတတိယရဲ့ ဘိလပ်မြေတင်သွင်းမှုက တန်ချိန်လေးသောင်း ကျော်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လတတိယပတ်မှာတော့ ဘိလပ်မြေအဝင်နည်းခဲ့ တယ်လို့ ဆိုရပါမယ်။                                       MIRT (DOT)

 
နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၁၇၄ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၂၁၅၉ တန်ဝန်းကျင် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေကတော့ ကော့သောင်းမှ တန် ၁၀၀၀၊ တာချီလိတ်မှ ၄၆၉ တန်၊ မြိတ်မှ ၃၃၅ တန်၊ မူဆယ်မှ ၁၆၉ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၁၅၉ တန်ခန့် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန်ချိန် ၁၄၄၀ ကျော် အသွင်းလျော့ခဲ့ပါတယ်။ ဇူလိုင်လတစ်လလုံးမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဘိလပ်မြေ ၁၀၂၆၅ တန် တင်သွင်းထားပြီးဖြစ်ပါ တယ်။                                             MIRT(DOBT)
ဈေးကွက်ငြိမ်နေတဲ့ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက  အရောင်းပါးပေမယ့် ဈေးက အတက်အကျမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ဈေးကွက်ထဲ ကို စိန်ဘိလပ်မြေ ပြန်လည်ဝင်ရောက်လာပါတယ်။ စိန်ဘိလပ်မြေက လူသုံးများ လာတာကြောင့် ဆင်တံဆိပ်နဲ့ဈေးက အမီလိုက်လာပါတယ်။ ဒီတစ်ပတ်အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက မြင်းခေါင်း ဘိလပ်မြေ ၃၅၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၉၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၆၀၀ ကျပ်၊ စိန် (ထိုင်း) ၄၉၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း ဘိလပ်မြေက အရောင်းပါးတယ်လို့ အရောင်းဆိုင် မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ မိုးကလည်းကောင်းလာတာကြောင့် ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းနည်းနည်းပါးလာတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးတွေက ဆင်တံဆိပ်ဘိလပ်မြေ ၅၀၀၀ ကျပ်၊ စိန်တံဆိပ်ဘိလပ် မြေ ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၄၅၀၀ ကျပ်၊ ကျောက်ဆူး ၄၅၀၀ ကျပ်နဲ့ မောင်း တိန်းဘိလပ်မြေ ၄၅၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိ ပေမယ့် ဈေးကငြိမ်နေတယ်လို့ ပြောပါတယ်။ အရောင်းအဝယ်ဖြစ်နေတဲ့ဈေး က ယခင်တစ် ပတ်ဈေးအတိုင်း အေသုံးလုံးဘိလပ်မြေ ၅၄၀၀ ကျပ်၊ မြန်မာ ဆင်(ဘိလပ်မြေ) ၅၃၀၀ ကျပ်၊ ဆင် (ထိုင်း) ၆၀၀၀ ကျပ်၊ စိန်(ထိုင်း) ၆၀၀၀ ကျပ်၊ ဆင်မင်းဘိလပ်မြေ ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၂၀၀ ကျပ်၊ မြင်းခေါင်း ၅၁၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေပေမယ့် အရင်တစ် ပတ်အတိုင်း ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင် (ထိုင်း) တံဆိပ်ဘိလပ်မြေတစ်အိတ်ကို ၆၀၀၀ ကျပ်နဲ့ မြင်းခေါင်း ဘိလပ်မြေတစ် အိတ်ကို ၄၀၀၀ ကျပ်ဈေးတို့ပဲ ဖြစ်ပါတယ်။ပဲခူးဈေးကွက်မှာ  ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ရှိနေပေမယ့် စိန်(ထိုင်း) ဘိလပ်မြေက ယခင်ရောင်းနေ တဲ့ဈေးထက် ၁၀၀ ကျပ်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ဆင်(ထိုင်း) ၅၃၀၀ကျပ်၊ စိန်(ထိုင်း) ၅၂၀၀ကျပ်နဲ့ တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်အဝင်ပျောက် ခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာ ပြန်လည် ဝင်ရောက်လာ ခြင်းဖြစ်ပါတယ်။MIRT (DOT)