ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း နို့ဆီ ၇၅၅ ဒသမ ၃၇၆ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ရှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။
ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ဒွန်းနို့ဆီ ၃၄၂ ဒသမ ၅၇၆ တန်နဲ့ အိုကေတံဆိပ်နို့ဆီ ၄၁၂ ဒသမ ၈၀ တန်ကို မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်က နို့ဆီ ၇၃ တန်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ် ပတ်မှာ အင်တိုက်အားတိုက်နဲ့ တင်သွင်း ခဲ့တာတွေ့ရပါတယ်။ နို့စိမ်းက ဒီတစ် ပတ်မှာ တင်သွင်းခြင်းမရှိခဲ့ပါဘူး။နို့မှုန့်က မလေးရှားနိုင်ငံမှ ၁၉ ဒသမ ၈၀ တန်၊ အီရန်နိုင်ငံမှ တန် ၅၀၊ ပြင်သစ်နိုင်ငံမှ ၂၅ တန်၊ စုစုပေါင်း ၉၄ ဒသမ ၈၀ တန်ကို မှာယူတင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်အဝင်ပျောက် ခဲ့တဲ့ နို့မှုန့်က ဒီတစ်ပတ်မှာ ပြန်လည် ဝင်ရောက်လာ ခြင်းဖြစ်ပါတယ်။MIRT (DOT)