Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု လျော့

Mon, 08/27/2012 - 07:56 -- Anonymous (not verified)

ယခုတစ်ပတ် ဇူလိုင် ၂၃ ရက်မှ ၂၇ ရက်အတွင်း ယခင်တစ်ပတ်ထက် တန် ၁၀၀ လျော့ပြီး တန်ချိန် ၄၈၀ ခန့် တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံတွေကတော့ တောင်ကိုရီးယား၊ ကူဝိတ်၊ စင်ကာပူ၊ တရုတ်၊ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ် ဇူလိုင်လကုန်ထိ နှမ်းတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၈၂၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူက တန်ချိန် ၉၂၀၀ ကျော်ရှိကြောင်း သိရပါတယ်။

မြေပဲတင်ပို့မှုမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း မြေပဲအခွံပါ တန်ချိန် ၁၆၃ တန် မြေပဲဆန် တန်ချိန် ၃၂၂၀၀ ခန့် စုစုပေါင်း တန်ချိန် ၃၂၃၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၄၆ သန်းကျော်ရရှိပြီးကြောင်း သိရပါတယ်။            MIRT- MAPT