Main menu

Background

နှမ်းနက် အပို့ ပိုသော်လည်း နှမ်းဖြူအပို့ကျ

Mon, 08/27/2012 - 07:57 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၇၀၀ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၂၂၇ တန်ကျော်ကို ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။

ယခင်အပတ်ကထက် ၇၃ တန်ကျော် အပို့ပိုခဲ့ပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့နိုင်မှုတွေကတော့ နှမ်းနက် ၇၁၈ တန်ကျော်၊ နှမ်းဖြူ ၅၀၅ တန်ခန့်နဲ့ နှမ်းညို ၄ တန်ကျော်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် နှမ်းနက် ၂၇၇ တန်အပို့ပိုခဲ့ပြီး နှမ်းဖြူ ၁၆၈ တန်နဲ့ နှမ်းညို ၃၆ တန်ခန့်အပို့လျော့ခဲ့ပါတယ်။ ဇူလိုင်မှာ နှမ်းရောင်စုံ ၄၃၄၃ တန်ကျော် တစ်ဖက်အိမ်နီးချင်းတရုတ်နိုင်ငံသို့ တင်ပို့ထားပြီး ဖြစ်ပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်ဈေးများဟာ တူညီလျက်ရှိပြီး ယခင်အပတ်ဈေးနဲ့နှိုင်းယှဉ်လျှင် တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှုမရှိ သော်လည်း မိမိဘက်ဈေးမှာ ၁၀၉၅၀ ကျပ်လျော့နည်းဈေးပေါက်လျက်ရှိပါတယ်။ မိမိဘက်မှာ နှမ်းဖြူနဲ့ နှမ်းနက် မြေပြင်ပေါက် ဈေးများမှာ ၁၁၄၉၇၉ ကျပ်နဲ့ ရွှေလီမှာ ၁၃၃၇ ဒေါ်လာဈေးဖြစ်ပါတယ်။                                   MIRT(DOBT)