Main menu

Background

အင်ဒိုနီးရှားမှစားအုန်းဆီတင်ပို့မှု မြင့်တက်

Mon, 08/27/2012 - 08:13 -- Anonymous (not verified)

အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီပို့ကုန်များက ဇွန်လက တန် ၁ ဒသမ ၁၄ သန်း ရှိခဲ့ရာမှ ဇူလိုင်လမှာ တန် ၁ ဒသမ ၄ သန်းရှိခဲ့ကြောင်း ဘလွန်းဘတ်နယူးစ် က စိုက်ပျိုးရေးအမှုဆောင် ငါးဦးကိုကောက်ယူထားတဲ့ စစ်တမ်းအရ သိရပါတယ်။ စားအုန်းဆီအထွက်က ၅ ရာခိုင်နှုန်း ကျဆင်းပြီး တန် ၂ သန်းရှိလိမ့်မယ်လို့ အမှုဆောင် ၃ ဦး ကခန့်မှန်းပါတယ်။ ဒါပေမဲ့ အမှုဆောင်အရာရှိတွေက လက်ကျန်နဲ့ ပတ်သက်လို့ ပြောကြားခြင်းမရှိပါဘူး။

ကမ္ဘာမှာ စားအုန်းဆီဒုတိယအများဆုံးထုတ်တဲ့ မလေးရှားမှာ အခြေခံဈေးနှုန်း က ဇွန်လမှာ ရှစ်လအတွင်း အနိမ့်ဆုံး အခြေအနေ ရောက်ရှိခဲ့ရာမှ ၄ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ပူပြင်း ခြောက်သွေ့မှုဖြစ်တဲ့အတွက် ချီကာကိုပဲပုပ်ဈေးက စံချိန်တင်မြင့်တက်ခဲ့ပါတယ်။အင်ဒိုနီးရှားက စားအုန်းဆီတင်ပို့ခွန်ကို ဇွန်လက ၁၉ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချ ပေးခဲ့ပါတယ်။ အစ်ပွဲတော်အတွက် ဝယ်လိုအားမြင့်တက်လာတာကလည်း ပင်လယ် ရပ်ခြား ရောင်းချမှုကို မြင့်တက်စေခဲ့ပါတယ်။ ကွာလာလမ်ပူရှိ  Malaysia Derivative Exchange  မှာ မနက် ၁၁ နာရီ ၁၈ မိနစ်က ဈေးအရ အရောင်းအသွက်ဆုံး ကြိုပွိုင့်ဈေးမှာ တစ်တန်ကို ရင်းဂစ် ၂၉၇၀ နှုန်း (၉၄၅ ဒေါ်လာ)နှုန်း ဖြစ်ပါတယ်။ စားအုန်းဆီကို ပခုံးချင်းယှဉ်မဲ့ ပဲပုပ်ဈေးနှုန်းက ဇူလိုင် ၂၃ ရက်က ချီကာကို ကုန်သွယ်မှုဘုတ်အဖွဲ့မှာ တစ်ဘူရှယ် ကို ၁၆ ဒသမ ၉၁၅ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။UNT,Source: bloonberg.com