ထိုင်းနိုင်ငံ လမ်ချာဘန်းနဲ့ မြန်မာနိုင်ငံ ထားဝယ်မြို့ကို ဆက်သွယ်တဲ့ မီးရထားကွန်ရက်ဆောက်လုပ် ရေးကို ထိုင်းဖွံ့ဖြိုးရေးသုတေသနအဖွဲ့(TDRI) က အပြည့်အဝထောက်ခံချက်ပေးခဲ့ပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး နဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဖြစ်လာဖို့ ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်ကို ဒီလမ်းကအထောက်အကူပေးမယ်လို့ TDRI ပြောပါတယ်။
ဒါပေမဲ့ ၄၂၇ ကီလို မီတာရှည်တဲ့ ဒီလမ်းကြောင်းကို နောက်ထပ် ၈၇၇ ကီလိုမီတာရှိတဲ့ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း စီးတီးကိုသွားတဲ့ လမ်းနဲ့ ချိတ်ဆက်သင့်ကြောင်း TDRI ရဲ့ သယ်ယူ ပို့ဆောင်ရေးနဲ့ ထောက်ပံ့ ပိုဆောင်ရေးဒါရိုက်တာ နရောင်းပွန်လက်တောင်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မော်လမြိုင်မြို့ဟာ သံရိုင်းသယံဇာတကြွယ်ဝပြီး ထားဝယ် ကနေကီလိုမီတာ ၃၀ လောက်သာကွာဝေးပါတယ်။ဂျပန်နိုင်ငံက သူရဲ့အကြီးစား စက်မှုလုပ်ငန်းတွေကို ဂျပန်နိုင်ငံကနေရွှေ့ပြောင်းထားလိုတဲ့ အတွက် ထားဝယ် ဖွံ့ဖြိုးရေးလုပ်ငန်းကို ဂျပန်အစိုးရနဲ့ ဂျပန်ပုဂ္ဂလိက ကဏ္ဍကအခိုင်အမာ ထောက် ခံလျက်ရှိပါတယ်။ စင်ကာပူ-ကူမင်း မီးရထားလမ်း (SKRI) အရှေ့ဘက် လမ်းကြောင်းက မလေးရှားနိုင်ငံကို ၄၅၉၉ ကီလိုမီတာ ဖြတ်သန်းလိုပြီး တရုတ် နိုင်ငံကို ဆက်သွယ်မှာဖြစ်ပြီး ထိုင်းနဲ့မြန်မာကိုလည်းဖြတ်သန်းသွားမှာဖြစ်ကြောင်း ဆွေးနွေးပွဲမှာ နရောင်းက ပြောပါတယ်။ မီးရထားလမ်းကုန်ကျစရိတ်က တစ်ကီလိုမီတာကို ဘတ်သန်း ၁၀၀ ကုန်ကျပါမယ်။ ထားဝယ်နဲ့ ဟိုချီမင်း ကိုဆက်သွယ်မဲ့လမ်းက ဘတ်ဘီလီယံ ၉၀ နီးပါးကုန်ကျမှာဖြစ်ပေမဲ့ ဒီလမ်းကအပြည်ပြည်ဆိုင်ရာ ဆက်သွယ်မှု လမ်းကြောင်းဖြစ်တဲ့အတွက် ကုန်ကျမှုများတယ်လို့မဆိုနိုင်ကြောင်း နရောင်းက ပြောပါတယ်။ ထားဝယ်ရေနက် ဆိပ်ကမ်းကိုသုံးနိုင်မယ်ဆိုရင် ဥရောပကနေ သင်္ဘောနဲ့ သယ်ယူရတဲ့အချိန်က ယခင် ၁၆ ရက်ရှိခဲ့ရာမှ ၆ ရက် လောက်သက် သာမယ်လို့ ပြောပါတယ်။ ၂၀၃၇ ခုနှစ်ရောက်ရင် ထားဝယ်ဆိပ်ကမ်းမှာ တစ်နှစ်ကို ပေ ၂၀ နဲ့ ညီမျှတဲ့ကုန်သေတ္တာယူနစ် (TEU) ၁၄ သန်းကိုဆောင်ရွက်ပေးနိုင်မှာ ဖြစ်တဲ့ အတွက် လမ်ချာဘန်း ဆိပ်ကမ်းတိုးချဲ့မှုကြောင့် ရရှိလာမဲ့ TEU ၇ ဒသမ ၇ သန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလမ်းကိုတည်ဆောက်တဲ့အခါ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ နေရပ်ပြန်သွားမှာဖြစ်တဲ့ အတွက် လုံခြုံရေးနဲ့ အခြေခံအဆောက်အဦဆိုင်ရာ ပြဿနာတွေကို ထိန်းချုပ် ဖို့နဲ့ မြန်မာနိုင်ငံနေပြည်တော်မှာရှိ တဲ့ မြန်မာနိုင်ငံရဲ့လေဆိပ်သစ်က ဒေသ တွင်း လေကြောင်းသွားလာရေး ဗဟိုအချက်အချာအဖြစ် သုဝဏ္ဏဘူမိလေဆိပ်ကို ယှဉ်ပြိုင်လာနိုင်ကြောင်း Excel Transport Int'l Co ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အမ်မရစ်ပန်စီရီက သတိပေးပြောကြားပါတယ်။ Source.bangkokpost