ကမ္ဘာ့ကုန်သွယ်မှုမှာထိုင်းနိုင်ငံရဲ့ဝေစုက ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိရာကနေ ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းကြားမှာ ရောက်ရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ထိုင်းနိုင်ငံရဲ့ ယခုနှစ်ပို့ကုန်က ယခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်း ကနေ ၅ ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်မှုရှိနိုင်ပြီး ၂၀၀၉ ခုနှစ် အကျပ်အတည်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (အီးယူ) စီးပွားဆုတ်ကပ်က စလိုက်တဲ့ ကမ္ဘာ့စီးပွားရေး တိုးနှုန်း နှေးကွေးမှုက ကမ္ဘာ တစ်ဝန်းလုံးရှိ ဝယ်လိုအား ကျဆင်းစေပြီး ထိုင်း ပို့ကုန်ကိုလည်း ကျဆင်းစေခဲ့ပါ ကြောင်းထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ကုန် သွယ်မှုလေ့လာရေးဌာနမှညွှန်ကြားရေးမှူးအာအက်ပီဝန်ဒေါနစ်ကပြောပါတယ်။ ယူရိုဇုန်အကျပ်အတည်းက ထိုင်းနိုင်ငံကို တိုက်ရိုက် အထိနာစေရုံမျှမက တရုတ်၊ အိန္ဒိယ၊အာဆီယံ၊ဂျပန်နဲ့အမေရိကန်ပြည်ထောင်စုစတဲ့ ထိုင်းရဲ့ အဓိက ပို့ကုန်နိုင်ငံငါးခုကို တင်ပို့တဲ့ထိုင်းရဲ့ တင်ပို့မှုကိုပါ ကျဆင်းစေခဲ့ပါတယ်။ ဥရောပ သွင်းကုန်မှာ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဝေစုက ယခုနှစ်မှာ ၁ ရာခိုင်နှုန်းကျဆင်းပါ တယ်။ အီးယူရဲ့ ပို့ကုန်က ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ ပို့ကုန် ၁၅ ရာခိုင်နှုန်း တိုးမြှင့်ရေး ရည်မှန်းချက်အောင်မြင်ဖို့ ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံက အခက် အခဲတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ ယခုနှစ်အတွက် ပို့ကုန်ဖွံ့ဖြိုးမှုကို ၃ ဒသမ ၈ ရာခိုင်နှုန်းကနေ ၅ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် တန်ဖိုးအားဖြင့် ဒေါ်လာ ၂၃၇ ဒသမ ၄၆ ဘီလီယံနဲ့ ၂၄၂ ဒသမ ၁၈ ဘီလီယံကြား ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်က ဒေါ်လာ ၂၃၆ ဒသမ ၂ ဘီလီယံနဲ့ ညီမျှပါတယ်။ယခုသုံးလပတ်အတွင်းမှာ ပို့ကုန်လုပ်ငန်းက ၇ ဒသမ ၅ ရာခိုင်နှုန်းကျမယ်လို့ ခန့်မှန်းထားပါတယ်။ ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင်တိုး တက်မှုမရှိဘဲတန့်နေပါတယ်။ ယခုနှစ်မှာ ပို့ကုန် ၁၅ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင်ပထမနှစ်ဝက်ကရှိခဲ့တဲ့ တစ်လပျမ်းမျှဒေါ်လာ ၁၈ ဒသမ ၇၁ ဘီလီယံနှုန်းထက်ပိုမိုပြီး ဒေါ်လာ ၂၅ ဒသမ ၁၄ ဘီလီယံရရှိအောင် ဆောင်ရွက်ဖို့ လိုပါတယ်။ Source.nationalmultimedia.com