Main menu

Background

ယန်းတန်ဖိုးထိန်းချုပ်နိုင်အောင် နိုင်ငံခြားဘွန်းစာချုပ်တွေ ဂျပန်ဗဟိုဘဏ်ကို ဝယ်ခိုင်းဖို့ အဇုမိ ငြင်းဆို

Mon, 08/27/2012 - 08:31 -- Anonymous (not verified)

ယန်းငွေတန်ဖိုး   ကျသွားအောင်  ဂျပန်ဗဟိုဘဏ်ကို နိုင်ငံခြား ဘွန်းစာချုပ်တွေဝယ်ခိုင်းဖို့တိုက်တွန်းချက်ကို ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမိက ငြင်းဆို ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မယ်ဆိုရင် ငွေလဲလှယ်နှုန်းမူဝါဒနဲ့ ပတ်သက် တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီရင်ခွင့်ကိုချိုးဖေါက်ရာ ရောက် နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ယန်းငွေတန်ဖိုး အဆမတန် မြင့်တက်နေတာကို တုံ့ပြန်ဖို့ အစီအမံတွေကို မဆောင်ရွက်ဘဲနေမှာ မဟုတ်ကြောင်းနဲ့ ယန်းငွေတန်ဖိုးက နှစ်လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့တဲ့အတွက် ယန်းငွေ ထုတ်ရောင်းတာကို ဝင်ရောက်ကိုင်တွယ်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။ "ငွေကြေးကိစ္စ ဝင်ရောက်စွက်ဖက်မှုအတွက်ဆိုရင် တခြားနိုင်ငံတွေက အာဏာပိုင်တွေ နဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ဒီကိစ္စ ကို ဘဏ္ဍာရေးဝန်ကြီးကသာ တာဝန်ယူဆောင်ရွက်ရ မှာပါ" ဟု သြဂုတ် ၁ ရက်က လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။ ယန်းငွေကိုကျဆင်းအောင်တိုက်ရိုက် ဆောင်ရွက်တဲ့ အနေနဲ့ ပို့ကုန်အားထားနေရတဲ့ စီးပွားရေးအတွက် ဂျပန် ဗဟိုဘဏ်မှ တခြားရွေးချယ်စရာ နည်းလမ်း မရှိတော့တဲ့ အတွက် နိုင်ငံခြားဘွန်းစာချုပ်တွေကို ဝယ်သင့်တယ်လို့ လွှတ် တော် အမတ်အချို့က အကြံပြုပါတယ်။ ဗဟိုဘဏ်က ငွေ ဖြစ်လွယ်မှုကို အထောက် အကူဖြစ်အောင် ဆောင်ရွက်မယ် ဆိုတာ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးပြီဆိုရင် အနာဂတ် အတွက် ရွေးချယ်စရာ က နိုင်ငံခြား ဘွန်းစာချုပ်တွေဝယ်ဖို့ ပါပဲလို့ ဂျပန် ဗဟိုဘုတ်အဖွဲ့ဝင်သစ်ထဲက တစ်ဦးဖြစ်သူ တာကဲဟီရိုဆာတိုးက ယခင်လက ပြောကြားပြီးတဲ့နောက် ယခုကဲ့သို့ ဘွန်းစာချုပ် ဝယ်ရေးကိစ္စက ဆွေးနွေးစရာ အကြောင်းတစ်ရပ် ဖြစ်လာပါတယ်။ ဘုတ် အဖွဲ့ဝင်သစ်ရဲ့ ဝေဖန်ချက် ထွက်ပေါ်လာပြီး နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် အဇုမိက ယခုကဲ့သို့ ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ ယခုလိုဆောင်ရွက်မည်ဆိုပါက ငွေ ကြေးဝင်ရောက်စွက်ဖက်မှုမျိုးဖြစ် သွားပြီး ငွေလဲလှယ်နှုန်းမူဝါဒ အတွက် ဘဏ္ဍာရေးဝန်ကြီးဌာနကို ပေးထားတဲ့စီရင်ပိုင်ခွင့်ကို ချိုးဖေါက်တာဖြစ်လိမ့်မယ်လို့ သူကပြောပါတယ်။ တကယ်လို့ ယခုလိုဆောင်ရွက်မှုက ငွေကြေးဖလှယ်နှုန်းကို ထိခိုက်အောင် လုပ်ဖို့ ရည်ရွယ်တယ်ဆိုရင် နိုင်ငံခြား ဘွန်းစာချုပ်တွေ ဝယ်တာကို ငွေကြေးမူဝါဒ ရွေးချယ်စရာ နည်းလမ်းအဖြစ် မယူဆသင့်ကြောင်း ငွေကြေးမူဝါဒကို ကြီးကြပ်ဆောင်ရွက် နေတာကို တာဝန်ယူနေတဲ့ ဗဟိုဘဏ်အမှုဆောင်ဒါရိုက်တာ ကာဇုအိုမွန်မာ က ပြောပါတယ်။Source.reuters.com