Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 08/27/2012 - 08:34 -- Anonymous (not verified)

ယူရိုဇုန်အကျပ်အတည်းကို ကုစား ဖို့အတွက် ဥရောပ ဗဟိုဘဏ်(ECB) က လတ်တလောဆောင်ရွက်မဲ့အလား အလာမတွေ့ရတဲ့အတွက် သြဂုတ် ၃ ရက်နေ့က အာရှငွေကြေးအများစုတန် ဖိုးကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နံှသူတို့က စွန့် စားမှုများတဲ့ ငွေကြေးများကို လျှော့ချ လာခဲ့ကြပါတယ်။

စက်တင်ဘာလမတိုင်မီအထိ ဈေး ကွက်အတွင်းသို့ ဝင်ရောက်စွက်ဖက်ဦး မှာမဟုတ်ကြောင်း သြဂုတ် ၂ ရက်က အီးစီဘီကပြောကြာခဲ့သည့်အတွက် လတ်တလောအရေးယူဆောင်ရွက်မှုေ တွ ပြုလုပ်လိမ့်မယ်ဟု မျှော်မှန်းနေကြတဲ့ ရင်းနှီးမြှုပ်နှံသူတို့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ယူရိုဇုန်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေနဲ့ နှေးကွေးနေတဲ့ ကမ္ဘာ့စီး ပွားရေးအတွက်ကြောင့်ကြနေရမှုတို့ ကြောင့် ထွန်းသစ်စအာရှငွေကြေးများ မှာ ရင်းနှီးမြှုပ်နှံသူတွေအကြိုက်တွေ့ လာဖို့ သိပ်မရှိလှဘူးလို့ ဝယ်ရောင်းသ မားနဲ့လေ့လာဆန်းစစ်သူတွေက ပြော ပါတယ်။ အာရှငွေကြေးတွေရဲ့ တန်ဖိုး က သြဂုတ် ၃ ရက်နေ့က တန်ဖိုးကျခဲ့ တာမှန်ပေမဲ့ ရက်သတ္တပတ်အလိုက် တန်ဖိုးက မြင့်တက်နေတာကို တွေ့ရပါ တယ်။ မလေးရှားရင်းဂစ်က အာရှငွေ ကြေးတွေထဲမှာ ယခုရက်သတ္တပတ်ထဲ မှာ စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ပြီး ဒေါ်လာနဲ့ ဖလှယ်ရာတွင် သုည ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
 
တရုတ်ယွမ် အမေရိကန်စီးပွားရေးကို မြှင့်တင် ပေးဖို့အတွက် အမေရိကန်ဗဟိုဘဏ်က ငွေကြေးတွန်းအားပေးအစီအစဉ်ကို စွန့် လွှတ်ပြီးနောက် သြဂုတ် ၂၇ ရက်မှာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ယွမ်တန်ဖိုး အနည်းငယ်မြင့်တက်ခဲ့ပါတယ်။ တရုတ် ဗဟိုဘဏ်ယွမ်ငွေကြေးရဲ့ ဗဟိုဖလှယ် နှုန်းကို ယခုနှစ်အတွင်း ဒုတိယမြောက် အနိမ့်ဆုံးနှုန်းထိလျှော့ချပေးခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ယွမ်ငွေ တန်ဖိုးက တစ်ဒေါ်လာကို ၆ ဒသမ ၃၆၇၄ ယွမ်နှုန်းရှိခဲ့တဲ့အတွက် သြဂုတ် ၁ ရက်ရှိခဲ့တဲ့ ၆ ဒသမ ၃၆၈၅ ယွမ်နှုန်း ထက်အနည်းငယ်တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။ ယွမ်ငွေကြေးရဲ့ တန်ဖိုးက တစ် ဒေါ်လာကို ၆ ဒသမ ၃၅ ယွမ်နှုန်းမှ ၆ ဒသမ ၄၀ ယွမ်နှုန်းကြားရှိနေနိုင်မယ် လို့ အရောင်းအဝယ်သမားတွေက ခန့် မှန်းထားပါတယ်။
အိန္ဒိယရူးပီး ဘဏ်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင် တွေဘက်က ဒေါ်လာဝယ်လိုအားမြင့် တက်လာတဲ့အတွက် ရူးပီးတန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၅၆ ရူးပီးအမှတ်အောက်တန်ဖိုးကျဆင်း ပြီး သုည ဒသမ ၃၁ ရူးပီးနှုန်းကျဆင်း ကာတစ်ဒေါ်လာကို ၅၆ ဒသမ ၁၅ ရူးပီးနှုန်းရှိခဲ့ပါတယ်။ ေ<ကးမြီအကျပ်အ တည်းကို တိုက်ဖျက်ဖို့အတွက် လတ်တ လောသအစီအမံတွေ ဆောင်ရွက်မှာမ ဟုတ်ကြောင်း ဥရောပဗဟိုဘဏ်က ကြေညာပြီးနောက်ပိုင်း ပင်လယ်ရပ်ခြား ဈေးကွက်မှာ ယူရိုတန်ဖိုးကျဆင်းခဲ့ပါ တယ်။ ဒေါ်လာတန်ဖိုးမြင့်တက်လာတဲ့ အတွက် သြဂုတ် ၂ ရက်က ရူးပီးတန်ဖိုး က တစ်ဒေါ်လာကို ၅၅ ဒသမ ၈၄ ရူးပီးနှုန်းထိ ရှိခဲ့ပြီး ရက်သတ္တပတ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။
ဂျပန်ယန်း တိုကျိုမှာ သြဂုတ် ၃ ရက်မနက် ကဒေါ်လာတန်ဖိုးက တစ်ဒေါ်လာကို ၇၈ ယန်းနှုန်းဝန်းကျင်မှာရှိခဲ့ပါတယ်။ ဒေါ်လာ/ယန်းဖလှယ်နှုန်းက သြဂုတ် ၂ ရက်က နယူးယောက်မှာတစ်ဒေါ်လာ ကို ၇၈ ဒသမ ၁၈ ယန်းနဲ့ တိုကျိုမှာ ၇၈ ဒသမ ၄၆ ယန်းနှုန်းရှိခဲ့ရာမှ တိုကျို မှာသြဂုတ် ၃ ရက်မနက် ၉ နာရီက တစ်ဒေါ်လာကို ၇၈ ဒသမ ၂၂ ယန်း နှုန်းရှိခဲ့ပါတယ်။ ယူရို/ဒေါ်လာဖလှယ်နှုန်းက သြဂုတ် ၂ ရက်ညနေမှာ နယူးယောက် မှာ တစ်ယူရိုကို ၁ ဒသမ ၂၁၇၆ ဒေါ်လာ၊ တိုကျိုမှာ ၁ ဒသမ ၂၂၆၃ ဒေါ်လာနှုန်းရှိခဲ့ရာမှ သြဂုတ် ၃ ရက်မှာ ၁ ဒသမ ၂၁၇၇ ဒေါ်လာနှုန်းရှိခဲ့ပါ တယ်။ ယူရို/ ယန်း ဖလှယ်နှုန်းက သြဂုတ် ၃ ရက်က တိုကျိုမှာ တစ်ယူရို ကို ၉၅ ဒသမ ၂၆ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ကမ္ဘာ့စီးပွားရေးအလားအလာမှေးမှိန်နေတဲ့အတွက် အမေရိကန်ဒေါ်လာ နဲ့ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးကျဆင်းခဲ့ ကြောင်း ဝယ်ရောင်းသမားတို့ကပြော ပါတယ်။ ရင်းဂစ်တန်ဖိုးက သြဂုတ် ၂ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၂၇၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ သြဂုတ် ၃ ရက်မနက် ၉ နာရီ ၁၄ မိနစ်မှာ တစ် ဒေါ်လာကို ၃ ဒသမ ၁၃၅၀ ရင်းဂစ် နှုန်းရှိခဲ့ပါတယ်။ ဒါပေမယ့် ဥရောပဗဟို ဘဏ်က ယူရိုပြိုကွဲမဲ့ အန္တရာယ်ကိုကာ ကွယ်ဖို့အတွက် လတ်တလောအရေး ယူဆောင်ရွက်မဲ့ လက္ခဏာမတွေ့ရတဲ့ နောက်ပိုင်း ရင်းနှီးမြှုပ်နံှသူတွေရဲ့ ယုံ ကြည်မှုကျဆင်းခဲ့ရတယ်လို့ ဝယ်ရောင်း သမားတွေက ပြောပါတယ်။ ယခုလော လောဆယ်မှာ ရင်းနှီးမြှုပ်နှံသူတို့ဘေး ထိုင်စောင့်ကြည့်သဘောမျိုးဆောင်ရွက် နေတာတွေ့ရပါတယ်။
တောင်ကိုရီးယားဝမ် အာရှငွေကြေးတွေ သြဂုတ် ၃ ရက်မှာတန်ဖိုးကျဆင်းခဲ့တယ်ဆိုပေမဲ့ ငွေကြေးအများစုက ရက်သတ္တပတ်အ လိုက်တန်ဖိုးတက်ခဲ့တာကို တွေ့ရပါ တယ်။ ဝမ်ငွေကြေးရဲ့တန်ဖိုးက ယူရိုဇုန် ကြွေးမြီအကျပ်အတည်းရဲ့ ဖိအားပေး တာကိုခံရမဲ့အလားအလာရှိနေတယ်လို့ ဝယ်ရောင်းသမားတွေနဲ့ လေ့လာဆန်း စစ်သူတို့က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ဝမ်ငွေ ကြေးကို ငါးရက်ဆက်တိုက်ဝယ်ယူခဲ့ရာ အရောင်းထက် အဝယ်က ဝမ် ၂၁၁ ဒသမ ၆ ဘီလီယံ(ဒေါ်လာ ၁၈၇ ဒသမ ၈၂)ဖိုးပိုခဲ့ပါတယ်။ ဒါကြောင့် သက်သာ ရနိုင်တယ်လို့ သူတို့က ပြောပါတယ်။
ထိုင်းဘတ် ဘတ်ငွေကို ထုတ်ရောင်းတာများ သလို ဘန်ကောက်စတော့ဒိုင်အားနည်း နေတဲ့အတွက် ဘတ်ငွေတန်ဖိုးကျဆင်း နေပါတယ်။ သြဂုတ် ၂ ရက်က ထိုင်း ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်တွေရဲ့ ပိတ်ရက်ဖြစ်ပါတယ်။ ဘတ်ငွေတန်ဖိုး ကျနေတာကို အခွင့်ကောင်းယူပြီး ငွေ ပေးချေဖို့အတွက် ပို့ကုန်လုပ်ငန်းရှင်တွေ က ဘတ်ငွေကို ဝယ်ယူတဲ့အတွက် ဘတ် ငွေတန်ဖိုး အကျသက်သာခဲ့ ကြောင်း ဝယ်ရောင်းသမားတွေက ပြောပါတယ်။ သြဂုတ် ၃ ရက်မှာ ဘတ်ငွေတန်ဖိုးက တစ်ဒေါ်လာကို ၃၁ ဒသမ ၅၉၆၅ ဘတ်နှုန်းရှိခဲ့ပါတယ်။Source:brecorder,reuters,xinhua,bernama