Main menu

Background

ယူရိုဇုန်အတွက် ပြတ်သားတဲ့အစီအမံများလိုအပ်

Mon, 08/27/2012 - 08:39 -- Anonymous (not verified)

ယူရိုဇုန်က ကြွေးမြီ အကျပ် အတည်းအောက်မှာ မလှုပ်မရှား နိုင် အောင် ချိနဲ့နေတာမျိုးတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ " ပြတ်သားတဲ့ဆုံးဖြတ်ချက် ခြေလှမ်း" တွေ ယခုထိမဆောင်ရွက်ရ သေးကြောင်း အမရိကန်ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမားက ဇူလိုင် ၃၁ ရက်ကပြောပါတယ်။ မဲဆွယ်ပွဲ အလှူရှင်တွေ တွေ့ဆုံတဲ့ အခမ်းအနား မှာ အမေရိကန်ပြည်ထောင်စုစီးပွားရေး က မတည်ငြိမ်သေးကြောင်းနဲ့ လာမဲ့ ကာလအတော်များများမှာ အခက်အခဲ တွေနဲ့ တွေကြုံရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

" ဥရောပကလည်း စိန်ခေါ်မှု တစ် ရပ်ဖြစ်နေပါတယ်။ ဥရောပမှာ စီးပွား ရေးလုပ်ငန်းတွေလုပ်နေပြီး ဒီအခန်း ထဲကိုရောက်နေတဲ့သူတွေ ဒီအကြောင်း ကိုသိပါတယ်" လို့ဝေါစထရိ အမှုဆောင် အရာရှိချုပ် အပါအဝင်လူ ၆၀ ခန့်ကို သူက ပြောကြားပါတယ်။ " ဥရောပသားတွေက ယူရိုကို အပြိုကွဲ ခံမယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဒါပေမဲ့ သူတို့က ခိုင်မာ ပြတ်သားတဲ့ ခြေလှမ်းတွေကို လှမ်းရပါ မယ်။ ကျွန်တော် သူတို့နဲ့ အချိန်အများ ကြီး အသုံးပြုခဲ့ပြီးပြီ။ ပြီးတော့ တင် ဂိုက်သနာ ကလည်း သူတို့နဲ့ အချိန် အများကြီး အသုံးပြုခဲ့ပြီးပြီ။ မကြာမီမှာ သူတို့က ခိုင်မာပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုကိုပြုလုပ်ပါလိမ့်မယ်" လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ကိုယ်တိုင်ကလည်း  '' ခိုင်မာပြတ်သားတဲ့ အရေးဆောင်ရွက်မှု'' ရှိကြောင်း ၂၀၀၉ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ ဒေါ်လာ ဘီလီယံ ၈၀၀ ရှိ တွန်းအားပေး အစီ အစဉ်ကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါ တယ်။                      Source.AFP