Main menu

Background

အလုပ်အကိုင်ရရှိရေးက အနာဂတ်ရဲ့ အဓိက စိန်ခေါ်မှုဖြစ်

Mon, 08/27/2012 - 08:42 -- Anonymous (not verified)

ကမ္ဘာ့စီးပွားရေး မတိုးတက်ဘဲရှိနေချိန်မှာ အနာဂတ်ကာလကမ္ဘာကြီး အတွက် အဓိကစိန်ခေါ်မှုမှာ အလုပ်အကိုင်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်က ပြည်သူ့မူဝါဒရေးရာ လီကွမ်ယူတက္ကသိုလ်က ဦးဆောင်ကျင်းပတဲ့ အာရှ ယှဉ်ပြိုင်မှု သိပ္ပံကွန်ဖရင့်ဆွေးနွေးပွဲမှာ စင်ကာဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာ ရေးနဲ့ လူအင်အားဌာနဝန်ကြီး သာမန်းရှန်မူဂါရက်တနမ်က ပြောပါတယ်။

မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသ နဲ့ မြောက်အာဖရိကတွေ မှာ ဖြစ်ပွား ခဲ့တဲ့ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်က ရှိနေတဲ့အကြောင်းအရင်းက လူငယ် အလုပ်လက်မဲ့နှုန်းမြင့်မားမှုဖြစ် တယ်လို့ ဆိုပါတယ်။ လူငယ်တွေအကြား အလုပ်လက်မဲ့ဖြစ်မှုက ဥရောပနဲ့အမေရိကန် ပြည်ထောင်စုတွေမှာ လည်း မြင့်မားလျက်ရှိနေပါတယ်။ ဒီအခြေအနေ ကြောင့်အဲဒီနိုင်ငံတွေမှာ ပြင်းထန်တဲ့ ရေရှည်အကျိုးဆက်တွေဖြစ်ပေ ါ်နိုင် ကြောင်း ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေတက်ရောက်တဲ့ အစည်း အဝေးမှာ မစ္စတာသာမန်း က ပြောပါတယ်။ " နောက်ပိုင်းမှာ စီးပွားရေးနဲ့ လူအသိုက်အဝန်း ပင်မရေစီးထဲကို ပြန်လည် ဆွဲခေါ်လို့မရနိုင်တဲ့ အဟောသိကံ ဖြစ်နေတဲ့ မျိုးဆက်သစ်တွေနဲ့ ကျွန်တော် တို့ကြုံရပါလိမ့်မယ်" လို့ သူကပြောပါတယ်။ အာရှ အထူးသဖြင့် စင်ကာပူ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိနေတဲ့ လူငယ်လူရွယ်တွေ ရေရှည်အလုပ်လက်မဲ့ဖြစ်နေတဲ့ အကျိုးဆက်တွေကို အနီးကပ်လေ့လာထားဖို့ကောင်းကြောင်း၊ သူတို့စီးပွားရေး တွေမှာလည်း အလားတူအခြေအနေတွေ ပေါ်ပေါက်နိုင်လို့ဖြစ်ကြောင်း သူက ပြောပါတယ်။ အလုပ်အကိုင်ဖန်တီးရာမှာ အသေးစားနဲ့ အလတ်စားစီးပွားရေး တွေ အဓိကျတဲ့ အခန်းကဏ္ဍပါဝင်နေတဲ့အတွက် အာရှအစိုးရတွေကသူတို့ကို လက်တွဲဖေးကူသင့်တယ်လို့ သူက ပြောပါတယ်။ ဖွံ့ဖြိုးရေးမှာအခြားအဓိကျတဲ့အချက်က လူသားအရင်းအနှီးဖြစ်ပြီး သာမန် ဘွဲ့များထက်ကျော်လွန် တတ်မြောက်တဲ့ တက္ကသိုလ် ကျောင်းသားတွေ ပိုရှိသင့် တယ်လို့ သူက ပြောပါတယ်။                                          Source.CNA