Main menu

Background

မုတ်သုန်အဝင် နောက်ကျမှုကြောင့် အိန္ဒိယ ဘိလပ်မြေလုပ်ငန်း သုံးစွဲမှုမြင့်

Mon, 08/27/2012 - 08:43 -- Anonymous (not verified)

ယခုမုတ်သုန်ရာသီမှာ မိုးနည်းပါး တဲ့အတွက် အိန္ဒိယလယ်သမားတွေကို ဆိုးဆိုးဝါးဝါးထိခိုက်မှုရှိခဲ့ပြီး ၂၀၀၉ ခုနှစ်က ခြောက်သွေ့မှုမျိုး ဖြစ်မဲ့အလား အလာကို တွေ့နေရပါတယ်။ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှုရှိခဲ့တာက ဘိလပ်မြေ လုပ်ငန်းဖြစ်ပါတယ်။ မိုးနောက်ကျတဲ့ အတွက် အိန္ဒိယတစ်နိုင်ငံလုံးမှာ ဇွန်လ က ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ငန်းဆက်နိုင်တဲ့အတွက် ဘိလပ်မြေ သုံးစွဲမှု ပိုမိုခဲ့ပါတယ်။

ခိုင်မာတဲ့ကိန်းဂဏန်းတွေ မရနိုင် ပေမဲ့ ဝယ်လိုအားမြင့်တက်တာက ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ အိမ်ခြံမြေ လေ့ လာဆန်းစစ်သူတွေက ပြောပါတယ်။ "မုတ်သုန်အဝင် နောက်ကျတဲ့ အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ အချိန်တိုးပြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါ ကြောင့် ဘိလပ်မြေ ထုတ်လုပ်သူတွေ ကြီးပွားခဲ့ရပါတယ်" လို့ Kotak Securities  ဒုတိယဥက္ကဌ တီးနာဘာမာနီ က ပြောပါတယ်။ အဖွဲ့ဝင်တွေကို ထုတ်လုပ်ဖြန်ချိမှု ကိန်းဂဏန်းတွေ ထုတ်ပြန်မပေးဖို့ အိန္ဒိယ ယှဉ်ပြိုင်မှုကော်မရှင် (CCI) က အိန္ဒိယ ဘိလပ်မြေ ထုတ်လုပ်သူများ အသင်းကို ညွှန်ကြားချက်အမိန့် ထုတ် ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ပျမ်းမျှဈေးနှုန်းက ကီလို ၅၀ ဝင် ဘိလပ်မြေတစ်အိတ်ကို ရူပီး ၃၀၀ (၅ ဒသမ ၄၅ ဒေါ်လာ) နှုန်းရှိကြောင်း တရားမဝင်မဟုတ်တဲ့သတင်းရပ်ကွက် မှ သိရပါတယ်။ ဘိလပ်မြေ ဈေးက ဇွန်လမှာ အနည်းငယ်ကျပေမဲ့ ဇူလိုင်မှာ မြင့်တက်လာပါတယ်။ ပုံမှန်မုတ်သုန်ရာသီမှာ ယခင်နှစ် တွေက ဇွန်လလယ်ဆိုရင် မိုးစတင်ရွာပါ တယ်။ ဒီအချိန်မှာ ဘိလပ်မြေ သုံးစွဲ တာကလည်း စတင်ကျဆင်းပါတယ်။ နောက် သုံးလပတ်မှာ အိန္ဒိယနိုင်ငံ တစ်ဝန်းလုံး မိုးဖြိုင်ဖြိုင်ကျလာပြီ ဖြစ် တဲ့အတွက် အရောင်းပါးလာတတ်ပါ တယ်။ ၂၀၁၁ ခုနှစ်ဇွန်က ဘိလပ်မြေ လုပ်ငန်းရဲ့ နှစ်အလိုက်တိုးတက်မှု နှုန်းက ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါ တယ်။Source.xinhua