မလေးရှားနိုင်ငံက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) တွင် လက်ရွေးစင်ရွေးချယ်မှုကို ပိုမိုပြုလုပ်လာကြောင်း (FDI) မှန်သမျှကိုလက်ခံခြင်းထက် အရည်အသွေး ပြည့် (FDI)များကိုသာ စိစစ်လက်ခံကြောင်း ဒုတိယဝန်ကြီးချုပ် တန်ဆ ရီမူယီဒင်ယာဆင်က ပြောပါတယ်။ အရည်အသွေးပြည့် (FDI) ဆိုသည်မှာ အဆင့်မြင့်နည်းပညာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရှိတဲ့ နည်းပညာနဲ့ အစားထိုးစွမ်းအင်နည်းပညာ များဖြစ်သလို အသိပညာပေး စက်မှုလုပ်ငန်းများကို ဆိုလို ကြောင်း သူက ပြောပါတယ်။
" ဒီနည်းပညာတွေက အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံ ကနေ ဝင်ငွေမြင့်မားတဲ့နိုင်ငံတစ်ခုကို တက်လှမ်းတဲ့ အခါ ကျွန်တော်တို့ လိုအပ်တဲ့ နည်းပညာတွေ ဖြစ်ပါတယ်" လို့ Kota Kiswire ဖွင့်ပွဲအခမ်းအနားမှာ သူကပြောပါ တယ်။ Kota Kiswire ရဲ့ အကျယ်အဝန်းက စတုရန်း ပေ ၃၀၀၀၀၀ ရှိပြီး အရှေ့တောင်အာရှမှာ တောင်ကိုရီးယားက သံမဏိဝါယာကြိုးထုတ်လုပ်သူများရဲ့ဒေသတွင်းဗဟိုဌာနချုပ် အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဌာနချုပ် ရုံးက ပင်လယ်ရပ်ခြားအရောင်းနဲ့ စီမံအုပ်ချုပ်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ Kota Kiswire ရဲ့ အဓိကဌာနခွဲသုံးခုအနက်တစ်ခုကို Kiswire Malaysia ရဲ့ သုတေသနနဲ့ဖွံ့ဖြိုးမှုစင်တာအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါ တယ်။ Kiswire Malaysia ကမလေးရှားနိုင်ငံ Johor မှာ ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ် ပါတယ်။ အမျိုးသားစီးပွားရေးကို အထောက်အကူပေးတဲ့အတွက် Kiswire လို ကုမ္ပဏီမျိုးက မလေးရှားနိုင်ငံ အတွက် အရေး ပါ အရာရောက်လျက်ရှိတယ်။ သံမဏိ ဝယ်လိုအားက အာဆီယံမှာ တစ်နှစ်ငါးရာခိုင်နှုန်း တိုးတက်မြင့်မားနေပြီး မလေးရှားမှာ ခြောက်ရာခိုင်နှုန်းတိုးနေကြောင်း ပြောပါတယ်။Source.bernama.com
