မန္တလေးဈေးကွက်ကို ပုံးဝါဖြင့်ဝင်တဲ့ စားအုန်းဆီများ အဝင်ရပ်

မန္တလေးဈေးကွက်ကို ထိုင်းနိုင်ငံမှ ပုံးဝါဖြင့်ဝင်နေတဲ့စားအုန်းဆီများ အဝင် မရှိတော့ကြောင်း  ဈေးကွက်အတွင်းမှ သိရပါတယ်။

ဆီလုပ်ငန်းရှင်တစ်ဦးက "အရင်က မန္တလေးစားသုံးသူဈေးကွက်မှာ ကန်ဆီ နဲ့ ပုံးဝါဆီအသုံးများတယ်။ ရှေ့တစ်ပတ် က ကုန်စည်ဒိုင်မှာ ပြုလုပ်ခဲ့တဲ့အစည်း အဝေးမှာ တရားမဝင် ဆီဝင်ရောက်ရင် တိုင်ကြားနိုင်ကြောင်း ဝန်ကြီးက ပြော လိုက်တဲ့နောက် ပုံးဝါဆီအဝင်ရပ်သွား တယ်။ ၃ ရက်လောက်ရှိပြီ  လုံးဝကို အဝင်ရပ်သွားတာ။ ကန်ဆီ (စားအုန်း ဆီ) ကတော့  ပုံမှန်ဝင်နေပါတယ်။ ဆီစက်တွေကတော့ ဆီထွက်သီးနှံ ကုန် ကြမ်းရှားပြီး ဈေးမြင့်လို့ စက်လည်တဲ့ အခြေအနေပိုဆိုးသွားပါတယ်" လို့ ပြော ပါတယ်။ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲကို တရုတ် နိုင်ငံဘက်မှ ဝယ်ယူထားပြီးဖြစ်ကြောင်း နဲ့ ရာသီဥတုကြောင့် ထွက်နှုန်းနည်းနေ ခြင်းကြောင့် ကုန်ကြမ်းရှားပြီး ရက်ပိုင်း အတွင်း  ဈေးနှုန်းတက်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က အညာထိပ်စ ၁၉၅၀ ကျပ်နဲ့ တရုတ်ဝယ်လက်ကို ရောင်းချခဲ့ ရပြီး၊ ယခုတစ်ပတ်မှာ ၂၄၀၀ ကျပ်ထိ ဈေးမြင့်လာခဲ့ကြောင်း  သိရပါတယ်။ မြေပဲဆန်ဈေးမြင့်တက်လာခြင်းကြောင့် ဇူလိုင် ၃၀ ရက်ထိ တစ်ပတ်အတွင်း ရောင်းသူမရှိရာမှ ယခုဈေးကွက်ပြန် လည်လာကြောင်း သိရပါတယ်။  ကုန် ကြမ်းဈေးမြင့်ခြင်းကြောင့်  ပဲဆီတစ် ပိဿာကို မြေပဲဆန် ပေါ်မူတည်ပြီး ကျပ် ၄၀၀၀ နဲ့ ၅၀၀၀ ကျပ်ကျော်ကြား ထိ မြင့်တက်လာခဲ့ပါတယ်။ မြေပဲဆီ ကျပ် ၅၀၀၀ကျော်မှာ ယခုနှစ်မှာအမြင့် ဆုံးဈေး ရောက်ရှိလာခြင်းဖြစ်ပါတယ်။ နှမ်းဆီဈေးနှုန်းမှာ တစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ၃၅၀၀ ကျပ်ကြား၊ စားအုန်းဆီ လက်လီ တစ်ပိဿာကို ၁၉၀၀ ကျပ်နဲ့ ရောင်းချကြောင်း သိရပါတယ်။ဇူးဇူး