Main menu

Background

ရှမ်းပြည်နယ်တောင်ပိုင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ဆောင်ရွက်မယ့်လုပ်ငန်းအစီအစဉ်များဆွေးနွေး

Mon, 08/27/2012 - 08:52 -- Anonymous (not verified)

 
ရှမ်းပြည်နယ်တောင်ပိုင်း၊  တောင်ကြီးမြို့နယ်မှာ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အလုပ်ရုံေ ဆွးနွေးပွဲမှာ  ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးခြင်းကို ၂၀၁၂ ခုနှစ် ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါ တယ်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်စိုက်ပျိုးရေးနဲ့ မွေးမြူရေး ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းဆာလူက  တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး က ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် ၁၈ မြို့နယ်က တင်ပြလာတဲ့ အချက် ၅၅ ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး၊  တက်ရောက်လာတဲ့  ဌာနဆိုင်ရာများက ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ရာ မှာ ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်း ဝယ်ရေး၊ ပြည်နယ်မန်နေဂျာရုံးမှ လက်ထောက်မန်နေဂျာ ဦးမင်း အောင်က ရှမ်းပြည်နယ်ထွက် လယ်ယာထွက်ကုန်သီးနှံများ ဈေး ကွက်ရရှိမှု၊ ထုတ်လုပ်မှုနဲ့ ဈေးကွက်လိုအပ်ချက်  မျှတစေရေးတို့ အတွက် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ရိတ်သိမ်းချိန်လွန်နည်းပညာပေး ဆောင်ရွက်မှုများနဲ့  တောင်သူ လုပ်ငန်းရှင်များနဲ့ နည်းပညာပေးရေးဆိုင်ရာ ဆောင်ရွက်မှုများအပြင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ  တောင်သူလုပ်ငန်းရှင်များ၊ နည်းပညာ ဆိုင်ရာသင်တန်းများ၊ ပို့ကုန်သွင်းကုန်ဆိုင်ရာသင်တန်းများ၊ မြို့နယ်နဲ့ ခရိုင်အလိုက် ဖွင့်လှစ်ဆောင်ရွက်နိုင်မယ့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်များမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအတွက် တင်ပြလာတဲ့ အချက်များနဲ့ပတ်သက် ပြီး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်ထောင်စု အဆင့်ဖြေကြားရန် အချက်များ ခွဲခြားသတ်မှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါ တယ်။                                            မင်းအောင်