Main menu

Background

အလားအလာကောင်းသော ပီလောပီနံ

Mon, 08/27/2012 - 08:53 -- Anonymous (not verified)

စက်မှုကုန်ကြမ်း သီးနှံတစ်မျိုးဖြစ်တဲ့ ပီလောပီနံဥတွေကို အချိုမှုန့်၊ ကော်မှုန့်ပြုလုပ်ရာမှာ ထည့် သွင်းအသုံးပြုကြတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ စက္ကူချောတွေကိုထုတ်လုပ်ရာမှာ အပေါ်ယံကြွေ သားကောင်းမွန်စေဖို့အတွက် ပီလောပီနံမှုန့်တွေကို ထည့်သွင်းအသုံးပြုကြောင်း သိရှိရပါတယ်။

ပီလောပီနံတွေကို စိုက်ပျိုးပြီးတစ်နှစ်အကြာမှာ ဥတွေကိုတူးဖော်ပြီး ရရှိသော်လည်း အရွယ်အစား ပိုမိုကြီးမားတဲ့ဥတွေ ကို နှစ်နှစ်ကျော်မှသာ တူးဖော်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါတယ်။ပီလောပီနံကို ကုမ္ပဏီကြီးအချို့မှ စီမံကိန်းချမှတ်ကာ ရင်းနှီးမြှုပ်နှံစိုက်ပျိုးလျက်ရှိရာ ကချင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ အောင်မြင်မှုတွေရရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ပင်လယ်ရေကြောင်းမှ ပီလောပီနံနဲ့ ပီလောပီနံမှုန့်တင်ပို့မှုကို ဘဏ္ဍာနှစ်အလိုက် လေ့လာကြည့်ရာ မှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ တန် လေးရာ့ရှစ်ဆယ်ကျော်၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ တန် နှစ် ထောင့်သုံးရာကျော်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တန်တစ်သောင်းရှစ်ထောင်နီးပါးအထိ တိုးတက် တင်ပို့ခဲ့ကြောင်း တွေ့ရပါတယ်။ ပီလောပီနံတင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာရာ အလား အလာကောင်းတဲ့ စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြရပါတယ်။              နွဲ့နွဲ့ဌေး