Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Mon, 08/27/2012 - 08:53 -- Anonymous (not verified)

အမေရိကန်မှ နာမည်ကြီးရေကူးသမား မိုက်ကယ်ဖဲလ်သည် ကျင်းပလျက်ရှိ သည့် လန်ဒန်အိုလံပစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူး နိုင်သဖြင့် အိုလံပစ်ပြိုင်ပွဲသမိုင်းတွင် ဆုတံဆိပ်အများဆုံးရရှိသူအဖြစ် စံချိန် တင်နိုင်ခဲ့ကြောင်း သိရသည်။ တိုးဒီဖရန့်စက်ဘီးစီးချန်ပီယံ ဘရက်ဒလေဗစ်ဂင်သည် စံချိန်ယူစက်ဘီးစီးပြိုင်ပွဲ တွင် တစ်နာရီလျှင်ပျမ်းမျှ ၅၂ကီလိုမီတာနှုန်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဂရိတ်ဗြိတိန် အတွက် ဒုတိယမြောက်ရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည်။ အသက် ၁၆နှစ်အရွယ်ရှိတရုတ်ရေကူးမယ် လီရှီဝမ်သည် အိုလံပစ်သမိုင်းတွင်  အမျိုးသားများထက်ပို၍ မြန်အောင်ကူးနိုင်သည့်စံချိန်ကို တင်နိုင်ခဲ့ပြီး တရုတ် နိုင်ငံအတွက် ပထမဆုံးအိုလံပစ်ရွှေတံဆိပ်ကို ရယူပေးခဲ့သည့် အသက်အငယ် ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ဘေဂျင်းအိုလံပစ်ချန်ပီယံ အမေရိကန်တင်းနစ်မယ် ဆီရီနာဝီလျံသည် လန်ဒန် အိုလံပစ်ပြိုင်ပွဲတင်းနစ်ပြိုင်ပွဲ၏ဆီမီးဖိုင်နယ်တွင် ဘဲလားရုစ်နိုင်ငံမှ ဗစ်တိုးရီး ယားအဇာရန်ကာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ အမေရိကန်အမျိုးသမီးရေကူးချန်ပီယံ ရေဘက္ကာဆိုနီသည် မီတာ ၂၀၀ ရင် ပေါင်တန်းလက်ပစ်ကူးပြိုင်ပွဲတွင် ၎င်းကိုယ်တိုင်တင်ထားခဲ့သည့်စံချိန် ၂မိနစ် ၂၀စက္ကန့်စံချိန်ကို ချိုးဖျက်ကာစံချိန် ၂မိနစ် ၁၉ ဒသမ ၅၉ စက္ကန့်ဖြင့် ကမ္ဘာ့ စံချိန်ကို ချိုးနိုင်ခဲ့ကြောင်း သိရသည်။ လန်ဒန်အိုလံပစ် အမျိုးသား လက်ပစ်ဘောပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း က အိမ်ရှင်ဂရိတ်ဗြိတိန်အသင်းအား ၃၂ဂိုး ၂၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အိုလံပစ်ဓားသိုင်းပြိုင်ပွဲတွင် အီတလီအသင်းက ဘေဂျင်း အိုလံပစ်ချန်ပီယံ ရုရှားအသင်းကို ၄၅-၃၁ဖြင့် အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။