Main menu

Background

တစ်ပတ်အတွင်း ပြည်တွင်းအားကစားသတင်းတိုများ

Mon, 08/27/2012 - 08:55 -- Anonymous (not verified)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဌာနခွဲတာဝန်ခံတစ်ဦးဖြစ်သည့် ဦးကိုကိုသိန်း သည် လာမည့်အာဆီယံ ယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် လက်ထောက်အထွေ ထွေညှိနှိုင်းကြီးကြပ်သူအဖြစ် အာဆီယံဘောလုံးအဖွ့ဲချုပ်၏ တာဝန်ပေးအပ် ခြင်းခံရကြောင်း သိရသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၂၁ရက်နေ့က အောင်ဆန်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ သည့်ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့၏ပွဲစဉ် အပြီးတွင် ဒိုင်လူကြီးများကို မကျေမနပ်ဖြင့်အော်ဟစ်ပြောဆိုခဲ့သည့် ဟံသာ ဝတီယူနိုက်တက်မှနည်းပြများ အား မြန်မာနေရှင်နယ်လိဂ်စည်းကမ်း ထိန်းသိမ်း ရေးကော်မတီမှ သတိပေးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၂၃ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဆောက်သမ်းမြန်မာအသင်း နှင့်ချင်းယူနိုက်တက် အသင်းတို့၏ပွဲစဉ်တွင် နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံရသည် ကို မကျေနပ်ဘဲ ကွင်းဘေးရှိကြော်ငြာဆိုင်းဘုတ်ကို ကန်ကျောက်ခဲ့သည့် ချင်းယူနိုက်တက်အသင်းမှ ဝေဖြိုးထက်အား တစ်ပွဲပယ်နှင်ဒဏ်ငွေကျပ်တစ် သိန်းပေးဆောင်ရန် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့်မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရသည့် အတွက် အလွန်ဝမ်းမြောက်မိကြောင်း အသက် ၂၈နှစ်အရွယ်ရှိ မနောမြေ ဂိုးသမား ထွန်းလင်းစိုးက ပြောကြားခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် နေပြည်တော်အက်ဖ်စီအသင်းမှပင် တည် ထောင်ခဲ့ သည့် အေစီအီးဖူဆယ်လ်အသင်းနှင့်အေစီအီးအပျော်တမ်းဘောလုံး အသင်းတို့ကို နေပြည်တော်ဖူဆယ်လ်အသင်းနှင့်နေပြည်တော်အပျော်တမ်း ဘောလုံးအသင်းအဖြစ် အမည်ပြောင်းလဲရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။