မြန်မာနိုင်ငံတွင် အင်တာနက်စနစ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်သည်နှင့်အမျှ အွန်လိုင်းပေါ်မှ တစ်ဆင့်ဈေးဝယ်နိုင်မည့် ရတနာပုံ Online Payment Gateway ဝန်ဆောင်မှုလုပ်ငန်း၏ Y-Store လုပ်ငန်းများကို မကြာမီ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။
Y-Pay စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အွန်လိုင်းပေါ်တွင် ဈေးဝယ်နိုင်မည့် အစီအစဉ်ကို မကြာမီကာလတွင် စတင်တော့မည်ဖြစ်ရာY-Store လုပ်ငန်းများတွင်ပါဝင်ကြမည့် ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရတနာပုံဝက်ဘ်ပေါ်တယ်နှင့်ချိတ်ဆက်၍ အချက်အလက်များ ရယူနိုင်ကြောင်း သိရသည်။Y-Store ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်E-commerce စနစ် ကျယ်ကျယ်ပြန့်ပြန့်ထွန်းကား လာစေရန်၊ အောင်မြင်သော အွန်လိုင်းဈေး ကွက်နေရာ ဖွံ့ဖြိုးလာစေရန်၊ အိုင်တီနည်းပညာနှင့် အင်တာနက်စီးပွားရေးကို စီးပွားရေးလုပ်ငန်းရှင်များမှ ပီပြင်စွာအသုံးချလာနိုင်စေရန်၊ အွန်လိုင်းမှ ဈေးဝယ် သူများအနေဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် သက်သောင့်သက်သာ ဈေး ဝယ်နိုင်စေရန်၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း မိမိတို့၏ဖောက်သည်များအား Online Shopping Services ပေးထားနိုင်စေရန်၊ စီးပွားရေးကဏ္ဍနှင့် နည်းပညာကဏ္ဍ အား ပေါင်းစပ်သော Online Shopping Services ကဏ္ဍတွင် မိမိတို့၏ လုပ်ငန်း များမှာ ရှေ့ဆောင်လုပ်ငန်းများအဖြစ် ပါဝင်လာနိုင်စေရန်တို့ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့သည်။အွန်လိုင်းပေါ်မှ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်သောစနစ်သည် ရောင်းချသူ၊ ဝယ်ယူသူ နှစ်ဖက်စလုံးအတွက် များစွာအကျိုးဖြစ်ထွန်းသော စနစ်တစ်ခုဖြစ် ကြောင်း၊ တိုးတက်လာသော နည်းပညာများတွင် ပြိုင်ဆိုင်မှုပြင်းထန်လာမည့် အနာဂတ်စီးပွားရေးကဏ္ဍများတွင် အချိန် တိုင်းသည် တန်ဖိုးရှိနေသောကြောင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် မိမိတို့၏လုပ်ငန်းများအား Y-Store တွင် ရောင်းချခြင်းဖြင့်လည်းကောင်း၊ ဝယ်ယူသူများအနေဖြင့်လည်း မိမိတို့၏တန် ဖိုးရှိသောအချိန်များကို ဈေးဝယ်ယူရသောကိစ္စတစ်ခုတည်းဖြင့် မဆုံးရှုံးသွားစေရန့်-ှအသမန မှ ဈေးဝယ်ယူခြင်းဖြင့် နိုင်ငံတော်၏E-commerce ကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးလာစေရန်အတွက်လည်းကောင်း ရည်ရွယ်၍လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ Y-Store လုပ်ငန်းအတွက် Online Banking စနစ်ဖြင့် လုပ် ဆောင်သွားမည်ဖြစ်ရာ ယခုလက်ရှိ Online Banking စနစ် ဆောင်ရွက်နေသည့် ဘဏ် ခြောက်ခုနှင့်ချိတ်ဆက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။မယ်သီတာ