Main menu

Background

လာမည့်ပွင့်လင်းရာသီကာလ ခရီးသွားအစီအစဉ်များအတွက် သူဋ္ဌေးကျွန်းဟိုတယ်မှ Package Tour အစီအစဉ်များ ကြိုတင်ပြင်ဆင်

Mon, 08/27/2012 - 08:57 -- Anonymous (not verified)

လာမည့်ခရီးသွားရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြန်မာပြည်တောင်ဘက်စွန်းရှိ သူဋ္ဌေးကျွန်းဟိုတယ်မှ Package Tour အစီအစဉ်သစ် သုံးခုကို စီစဉ်ပေးမည်ဖြစ်ကြောင်း သူဋ္ဌေးကျွန်းဟိုတယ်မှ ဈေးကွက်မန်နေဂျာMs. Krona Visutrasai   က ပြောကြားခဲ့သည်။

အဆိုပါသူဋ္ဌေးကျွန်းဟိုတယ်သို့ ရန်ကုန်မြို့မှ ခရီးသွားဧည့်သည်များ လာရောက်မှုနည်းပါးသဖြင့် ယခုကဲ့သို့ Package Tour  အစီအစဉ်သစ်များရေးဆွဲကာ ခရီးစဉ်သစ်များအား ရန်ကုန်မြို့ရှိပြည်သူများ သိရှိ စေရန်ရည်ရွယ်၍ ရှင်းလင်းပြောကြားရခြင်းဖြစ်ကြောင်း အဆိုပါဟိုတယ်မှ Sale Executive ဦးယဉ်ထွေးက ပြောကြားခဲ့သည်။အဆိုပါ သူဋ္ဌေးကျွန်းဟိုတယ်တွင် ၂၀၁၂ နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ Two Country Package Tour အစီအစဉ်များကို ရေး ဆွဲထားရှိပြီး သူဋ္ဌေးကျွန်းဟိုတယ်တွင် နှစ်ညအိပ်သုံးရက်တည်းခိုပါက အမေရိကန်ဒေါ်လာ ၂၀၀ ကျသင့်မည်ဖြစ်ပြီး နံနက်စာနှင့် ညစာ(နှစ်ရက်စာ)၊ ကော့သောင်းမှ အန်ဒမန်ကလပ်သို့ လှေအခမဲ့၊ Gift Voucher ၊ လဝက ကြေးအပါအဝင် ရနောင်းမြို့အလည်အပတ်ခရီးပါ ပါဝင်ကြောင်း သိရသည်။ထို့ပြင် အဆိုပါနေ့ရက်အတွင်းတွင်  Golf Challenge Package  အစီအစဉ်တွင် နှစ်ညအိပ် သုံးရက်ခရီးတွင် အမေရိကန်ဒေါ်လာ ၂၀၀ ကျသင့်မည်ဖြစ်ပြီး အိပ်ခန်း(နံနက်စာနှင်ညစာ အပါအဝင်) ကော့သောင်းမှ အန်ဒမန်ကလပ်သို့ လှေအခမဲ့၊ ၁၈ ကျင်း ဂေါက်ကစားခွင့်၊ ကယ်ဒီနှင့်ကားအခမဲ့အစီ အစဉ်များပါဝင်ကြောင်း သိရသည်။ Snorkeling Package  အစီအစဉ် နှစ်ညအိပ် သုံးရက်ခရီးစဉ်အား နိုဝင်ဘာ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ စီစဉ်ထားပြီး နံနက်စာနှင့် ညစာ နှစ်ရက်စာ၊ ကော့သောင်းမှ အန်ဒမန်ကလပ်သို့ လှေအခမဲ့၊ Snorkeling Package တစ်ရက်ခရီးစဉ်အား အမေရိကန်ဒေါ်လာ ၂၃၀ ဖြင့် စီစဉ်ထားရှိကြောင်း သိရ သည်။ အဆိုပါ Snorkeling  အစီအစဉ် တွင် နေရောင်အောက်မှပင်လယ်ကြမ်း ပြင်အလှကို ကိုယ်တိုင်ခံစားကြည့်ရှုနိုင်မည့် အစီအစဉ်များကိုလည်းထည့်သွင်း ထားကြောင်း သိရသည်။ ရေအောက် ရှိ သန္တာကျောက်တန်းများ၊ ထူးဆန်း သည့်ရေနေသတ္တဝါများကို ကိုယ်တိုင် ကိုယ်ကျမြင်တွေ့ခံစားရမည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။ ယင်းသူဋ္ဌေးကျွန်းဟိုတယ်အား ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်မှာ ၁၉၉၅ ခုနှစ်ကတည်းကဖြစ်သော်လည်း ရန်ကုန်မြို့မှနေ၍ လေကြောင်းခရီးတစ်ခုတည်း ကိုသာ အားကိုးနေရခြင်း၊ လေယာဉ်စရိတ်များ များပြားလွန်းခြင်းတို့ကြောင့် စိတ်ဝင်စားမှု နည်းပါးရခြင်းဖြစ်ကြောင်း သိရသည်။                        မယ်သီတာ