Main menu

Background

ဖျာပုံခရိုင်အတွင်း မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား လိုင်စင်သစ်များထုတ်ပေးလျက်ရှိ

Mon, 08/27/2012 - 08:58 -- Anonymous (not verified)

ဖျာပုံခရိုင် ပြည်တွင်းအခွန်ရုံးမှာ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား ဇူလိုင် ၁၆ ရက်မှစပြီး လိုင်စင်သစ်များ ထုတ်ပေးလျက်ရှိကြောင်းသိရပါတယ်။

ထုတ်ပေးတဲ့ဆိုင်ကယ်များကတော့ တရုတ်၊ ထိုင်း၊ အိန္ဒိယစတဲ့နိုင်ငံထုတ်များ ဖြစ်ပြီး ပြည်တွင်းအခွန်၊ အကောက်ခွန်၊ ကညန၊ အာမခံကြေးစတဲ့ စုစုပေါင်းတို့ ကို ဘဏ်သို့ပေးသွင်းရပြီး နှုန်းထားများ ကတော့ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် တရုတ်နိုင်ငံထုတ် ၁၁၀ စီစီနဲ့အောက် ၅၆၈၂၅ ကျပ်၊ ၁၂၅ စီစီအထက် ၅၉၉၀၀ ကျပ်၊ ထိုင်းနိုင်ငံထုတ် ၁၁၀ စီစီအောက် ၁၁၄၂၂၅ ကျပ်၊ ၁၂၅ စီစီ အထက် ၁၄၈၀၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ "ဆိုင်ကယ်လိုင်စင်လုပ်ပေးတဲ့ရက် က ၁၆ရက်ဆိုပေမယ့် ဆိုင်ကယ်အကုန် လုံးမလုပ်နိုင်ကြဘူး။ အထူးသဖြင့် ရွာ ဘက်ဘီးတွေပေါ့။ လယ်ယာလုပ်ချိန် ဆိုတော့ မအားကြဘူး။ တချို့ကလည်း ငွေကြေးအခက်အခဲကြောင့်ပေါ့။ တချို့ ကလည်း ဝင်ပြီး တန်းမစီနိုင်ကြဘူး။ ဆိုင်ကယ်အတန်းကလည်း တော်တော် ကိုရှည်တယ်။ မိုးကလည်း အဲဒီရက်ပိုင်း မှာ တအားရွာနေတော့ ပွဲစားနဲ့ အလုပ် လုပ်ကြတယ်။ ပွဲစားခကလည်း တစ်စီး ကို ၅၀၀၀ ကျပ်လောက်  ပေးရတယ်။ တချို့လူငှားနဲ့ဝင်ပြီး တန်းစီတယ်။ တန်း စီခက တစ်နေ့ကို ၁၅၀၀-၃၀၀၀ ကျပ် အထိပေးရတယ်။ ပြီးတော့အခက်အခဲ တစ်ခုရှိတယ်။  အဲဒါကတော့ ယာဉ် မောင်းလိုင်စင်ကိစ္စပဲ။ ယာဉ်မောင်းလိုင် စင်လိုချင်ရင် မအူပင်မြို့နယ် ကညန ရုံးမှာ သင်တန်း နှစ်ရက်သွားတက်ရ တယ်။ ဝန်ထမ်းဆိုရင် တစ်ရက်တော့ တက်ရတယ်လို့ ကြားတယ်။ ဆိုင်ကယ် လည်းရှိတယ်၊ လိုင်စင်လည်း ဆောင် ပြီးပြီ၊ ဆိုင်ကယ်စီးနေတာလည်းသုံးနှစ် လောက်ရှိပြီ၊ ရွာမှာတော့ ပြဿနာ မရှိဘူး၊ မြို့တက်လာရင်  ပြဿနာရှိ တယ်။ မအူပင်ကို ညအိပ်သွားဖို့ဆိုတာ ငွေကြေးကကိစ္စ မရှိပေမဲ့ အချိန်က ရှိတယ်။အဲဒီအချိန်ကို မပေးနိုင်ဘူး။ဖြစ် စေချင်တာက ဖျာပုံမှာလာပြီး ကညန ကတစ်လကိုတစ်ကြိမ် သို့မဟုတ် နှစ် ကြိမ်လာပြီး သင်တန်းပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ရွာဘက် ကဆိုင်ကယ်တွေမှာ ယာဉ်မောင်းလိုင် စင်ကိစ္စ တော်တော်ကိုအခက်အခဲရှိပါ တယ်'' လို့ သမိန်တောကျေးရွာမှ ဆိုင် ကယ်လိုင်စင်လာလုပ်သူတစ်ဦးက ပြော သွားပါတယ်။ လိုင်စင်ထုတ်ပေးရက် ၁၆ ရက်အတွင်း ဆိုင်ကယ်လိုင်စင် ထုတ် ပေးနိုင်ခဲ့တဲ့ စီးရေပေါင်း  ၂၀၀၀ နီးပါး ခန့် ထုတ်ပေးနိုင်ခဲ့တယ်လို့ ပြည်တွင်း အခွန်ဦးစီးဌာနက  တာဝန်ရှိသူတစ်ဦး ထံမှ သိရပါတယ်။      မင်းဇော်မွန်