Main menu

Background

ချင်းရွှေဟော်နယ်စပ်မှ ပြောင်း အပို့ ရှိ

Mon, 08/27/2012 - 09:03 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ် လာ သုည ဒသမ ၁၁၈ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန် ၄၂၀ ကိုဇူလိုင်၂၅ရက် မှ ၃၁ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နယ်စပ်မှ အပို့မရှိခဲ့သော်လည်း ယခုအပတ်မှာ အပို့ရှိလာတာ ဖြစ်ပါ တယ်။

မူဆယ်နယ်စပ်မှလည်းကန်ဒေါ်လာသုည ဒသမ ၉၅၄ သန်းတန်ဖိုးရှိ ပြောင်း ဖူးစေ့ ၃၁၅၃ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းတန်ဖိုးရှိ ပြောင်း ကြိတ်ဖတ် ၄၁ တန်ကိုလည်း တင်ပို့မှုရှိခဲ့တယ်လို့ မူဆယ်နယ်စပ် ကုန်သွယ် ရေးရုံးရဲ့ စာရင်းဇယားများအရသိရှိရပါတယ်။ နယ်စပ်မှဇူလိုင်လမှာ ပြောင်းဖူးစေ့ ၂၀၁၀၃ တန် အပို့ရှိခဲ့ပြီး ဧပြီလမှ ဇူလိုင်အထိမှာတော့ ပြောင်းဖူးစေ့တန်၁၄၆၈၄၀ ကျော်တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မူဆယ်နဲ့ရွှေလီမြေပြင်ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ကြည့်ရာမှာ မိမိဘက်ဈေး အနည်းငယ်လျော့နေပြီး တစ်ဖက်နိုင်ငံဈေးက တော့ အနည်းငယ်မြင့်တက်လျက်ရှိပါတယ် - မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်      ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    % ၃၄၁၁၇၃    ၃၄၁၇၀၀          ၅၂၈      ၀ .၂    ၃၉၇    ၃၉၃              ၄        ၁