Main menu

Background

သကြားပြတ်လပ်မှု မရှိနိုင်ကြောင်း ထိုင်းကြံနှင့် သကြားကော်မတီအဖွဲ့မှ ပြောကြား

Mon, 08/27/2012 - 09:21 -- Anonymous (not verified)

ကြံနှင့်သကြားကော်မတီအဖွဲ့အစည်းမှ အတည်ပြုချက်အရ ၂၀၁၁-၂၀၁၂ ခုနှစ်စားသုံးရန်အတွက် ထားရှိသည့် သကြားခွဲတန်း quota အား တန်ချိန် ၂ ဒသမ ၄ သန်းမှ ၂ ဒသမ ၃ သန်းသို့လျှော့ချပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ကျန်ရှိသော သကြား ၃၅၂၀၀၀ တန်အား ၂၀၁၁-၂၀၁၂ သကြားတန်ချိန်နဲ့ ပေါင်း မှာဖြစ်လို့ စီးပွားရေး ပြန်လည်ထူထောင်နေချိန်၌ သကြားစားသုံးမှု လုံလောက်မယ် လို့ ယုံကြည်ကြောင်း၊ ကြံနဲ့ သကြားကော်မတီက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့သော နှစ်က ရေကြီးမှုကြုံတွေ့ခဲ့ရတဲ့ စက်ရုံများမှလည်း ကုန်ပစ္စည်းအပြည့်အဝပြန်လည် ထုတ်လုပ်ပေးနိုင်မှာဖြစ်တဲ့အပြင် နောက် ၄ လခန့်မှာ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ထုတ်လုပ်ရန်ကြံများရရှိတော့မှာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် သကြားစက်ရုံ ၄၆ ရုံမှ သကြားစုစုပေါင်းတန် ၁၀ ဒသမ ၂ သန်း ထုတ် လုပ် ပေးနိုင်ခဲ့ပြီး သကြားစက်ရုံများက ကြံတန်ချိန် ၉၇ ဒသမ ၉ သန်း ကြိတ်ဝါးပေး ခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် ပထမအသုတ်အနေဖြင့် သကြားတန်ချိန် ၁ ဒသမ ၃ သန်းခွင့်ပြုပေးခဲ့ပြီး တန်ချိန် ၁ ဒသမ ၀၇ သန်း ဖြန့်ချိ ရောင်းချခဲ့ပြီးဖြစ် တယ်လို့သိရပါတယ်။ နိုင်ငံအတွင်း သကြားအခြေအနေ ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိပြီ ဖြစ်၍ သကြားစက်ရုံများအဖွဲ့အစည်း ၃ ဖွဲ့မှ သကြား quota အသစ် ပြုပြင်ပြောင်းလဲပေးရန် စက်မှုဝန်ကြီးဌာနသို့ မေလတွင် တင်ပြခဲ့ခြင်းအပေါ် ယခုကဲ့ သို့ လျှော့ချပေးခဲ့တာဖြစ်တယ်လို့ ဇူလိုင် ၁၇ ရက်ထုတ် ထိုင်း ရတ်သတင်းစာ မှာ ဖော်ပြထားပါတယ်။  မြင့်ဦး